သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို တရားစွဲမယ့်အလားအလာ လျော့နည်း


အမေရိကန် ဒီမိုကရက်အမတ်တွေကို သမ္မတ Donald Trump ကို တရားစွဲဆိုမယ့်အလားအလာတွေဟာ ကွန်ဂရက် လွှတ်တော်ကြားနာပွဲမှာ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ထွက်ဆိုခဲ့ပြီးတဲ့နောက် မှေးမှိန်အားပျော့သွားပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ Adam Schiff က ကျနော်တို့ဟာ လက်တွေ့ကျဖို့လိုအပ်တယ် ဒီအချိန်မှာ Donald Trump ကို ရာထူးက ဖယ်ရှားဖို့ တခုတည်းသော နည်းလမ်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူမဲရှူံးအောင် လုပ်တဲ့ နည်းလမ်းသာ ဖြစ်တယ်လို့ CNN ကို ကြာသပတေးနေ့က ပြောကြားပါတယ်။ လွှတ်တော် တရားရေး ကော်မတီ ဥက္ကဋ္ဌ Jerrold Nadler ကလည်း Robert Mueller ကို ဗုဒ္ဓဟူးနေ့က ၃ နာရီကြာ မေးခွန်းထုတ်ရင်း Donald Trump ကို တရားစွဲဆိုဖို့ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ပါတယ်။

ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က နိုင်ငံရေးအရ တုံ့ပြန်မှုတွေနဲ့ လက်တွေ့မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်တဲ့အတွက် ဒါကို ဟန့်တားခဲ့ပါတယ်။ အောက်လွှတ်တော် ဒီမိုကရက်တွေက တရားစွဲဆိုမယ့် ကိစ္စကို သာမန် မဲအသာနဲ့ ဆုံးဖြတ်ခဲ့ရင်တောင်မှ ရီပတ်ပလစ်ကန်တွေ ကြီးစိုးနေတဲ့ အထက်လွှတ်တော်မှာတော့ ဒီကိစ္စအတွက် လိုအပ်တဲ့ ၃ ပုံ ၂ ပုံ မဲအသာနဲ့ အတည်ပြုမှာ မဟုတ်ပါဘူး။

Trump ကို တရားစွဲဆိုဖို့ စုံစမ်းစစ်ဆေးမှု စတင်တုန်းက အမတ် ၄၃၅ ယောက်ရှိတဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်အမတ် ၂၃၅ ယောက် ရှိတဲ့အနက် ၉၀ ခန့်က တရားစွဲဆိုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကြားနာပွဲမှာ Robert Mueller ထွက်ဆိုပြီးရင်တော့ ထောက်ခံသူတွေ ပိုများလာလိမ့်မယ်လို့ ဒီမိုကရက်တွေက မျှော်လင့်ခဲ့ကြတာပါ။ Washington Post နဲ့ ABC သတင်းဌာနတို့က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လူထု သဘောထား စစ်တမ်းမှာတော့ သမ္မတ Trump အပေါ် တရားစွဲဆိုမယ့် ကိစ္စကို ကန့်ကွက်သူ၅၉ ရာခိုင်နှုန်း ရှိနေပြီး ထောက်ခံသူ ၃၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

သမ္မတ Trump ကို တရားစွဲမယ့်အလားအလာ လျော့နည်း
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG