သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေးမှူး Mueller အောက်လွှတ်တော်ရှေ့ ကြားနာစစ်ဆေးခံ


စုံစမ်းရေးမှူး Robert Mueller (ဇူလိုင်၊ ၂၄၊ ၂၀၁၉)
စုံစမ်းရေးမှူး Robert Mueller (ဇူလိုင်၊ ၂၄၊ ၂၀၁၉)

အမေရိကန် သမ္မတ Donald Trump ကို တရားရေးလုပ်ငန်းတွေမှာ နှောက်ယှက်မှုအတွက် အပြစ်မရှိကြောင်း သူ့အနေနဲ့ မဆုံးဖြတ်နိုင်ခဲ့ကြောင်း ရုရှားအရေး အထူးစုံစမ်းရေးမှူး Robert Mueller က ဒီကနေ့ လွှတ်တော်ရှေ့မှောက် ထွက်ဆိုရာမှာ ပြောဆိုလိုက်ပါတယ်။

သူ့အစီရင်ခံစာမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ထားတယ်ဆိုပြီး သမ္မတက ပြောဆိုနေတာဟာ မမှန်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို စွက်ဖက်ခဲ့တဲ့ ရုရှားနဲ့ သမ္မတရဲ့ စည်းရုံးရေး အဖွဲ့တို့ကြား ပူးပေါင်းကြံစည်မှုတွေ ရှိမရှိ သမ္မတက တရားရေးလုပ်ငန်းတွေကို စွက်ဖက်တာတွေ ရှိမရှိ ဆိုတာတွေကို နှစ် နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ အဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အထူးစုံစမ်းရေးမှူးဟာ အောက်လွှတ်တော်မှာ ဒီကနေ့ လာရောက် ထွက်ဆိုနေတာပါ။

တချိန်တည်းမှာပဲ ရုရှားကတော့ ကြားနာပွဲကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သလို ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ စွက်ဖက်ခဲ့ကြောင်း စွပ်စွဲချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

အထူးစုံစမ်းရေးမှူးရဲ့ ကြားနာပွဲကို စောင့်ကြည့်သွားမှာဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဒီကနေ့ပဲ ပြောဆိုလိုက်သလို၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်ဖို့ ရှိနေ့ကြောင်း မကြာသေးခင်တုန်းက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲက ပြောဆိုခဲ့တာဟာလည်း အခြေအမြစ်မရှိကြောင်း ရုရှားနိုင်ငံက TASS News သတင်းဌာနက ဖော်ပြခဲ့တာပါ။

FBI ညွှန်ကြားရေးမှူး Christopher Wray ကတော့ ရှေ့နှစ် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်ဖို့ ပြင်ဆင်ထားကြောင်း မနေ့တုန်းကပဲ သတိပေး ပြောဆိုထားတာ ဖြစ်ပါတယ်။

စုံစမ်းရေးမှူး Mueller အောက်လွှတ်တော်ရှေ့ ကြားနာစစ်ဆေးခံ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG