သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန်းပင်လယ်ကွေ့ထဲ နိုင်ငံခြားတပ်များတည်ရှိမှု အီရန်ဝေဖန်


အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani

ပါရှန်းပင်လယ်ကွေ့ထဲမှာ ပြည်ပကတပ်တွေ ရှိနေခြင်းဟာ ဒေသတွင်းမှာ မလုံခြုံမှုတွေကို ဖန်တီးလာနိုင်တယ်လို့ အီရန်သမ္မတ Hassan Rouhani က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“နိုင်ငံခြားတပ်ဖွဲ့တွေက ကျနော်တို့ပြည်သူတွေနဲ့ ကျနော်တို့ဒေသအတွက် ပြဿနာတွေ ဖြစ်စေနိုင်တယ်” လို့ သမ္မတ Rouhani က အီရန်အစိုးရပိုင် ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အတွက် ကုလသမဂ္ဂကို သွားရောက်မှာဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

အမေရိကန်က ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေကို နောက်ထပ်တပ်ဖွဲ့တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်ပစ္စည်းတွေကို ပို့သွားဖို့ သမ္မတထရမ့်ရဲ့ အစီအစဉ်ကို အောက်လွှတ်တော်သဘာပတိ Nancy Pelosi က မနေ့က ဝေဖန်ပြစ်တင်လိုက်ပြီး သမ္မတထရမ့် အစိုးရအဖွဲ့ဟာ လွှတ်တော်ထိမတင်ဘဲ သူ့ဘာသာသူလုပ်ဖို့ ကြိုးစားနေတဲ့ နောက်ဆုံးကြိုးပမ်းမှု ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

ဆော်ဒီနဲ့ UAE နိုင်ငံတွေကို တပ်ဖွဲ့တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့သွားဖို့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာ သောကြာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သမ္မတအိမ်ဖြူတော်ကို နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ လာရောက်ခဲ့တဲ့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကတော့ အီရန်နဲ့ စစ်ရေးပဋိပက္ခမှာ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နဲ့အတူ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

----------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG