သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားစြဲဆိုဖို႔ အားထုတ္မႈနဲ႔ Donald Trump ျပန္လည္အေရြးခံရမယ္႔ အလားအလာ


အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကို တရားစြဲဆို အေရးယူဖို႔ စတင္ လုပ္ေဆာင္ေတာ့မယ္ ဆိုတဲ့ ေအာက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ ဒီမိုကရက္ အမတ္ နန္စီ ပီလိုစီရဲ႕ ဆုံးျဖတ္ခ်က္ဟာ သမၼတ ေဒၚနယ္ထရမ့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ ဝင္တဲ့အခါ ႀကဳံေတြ႕ရမယ့္ မေသခ်ာမေရရာမႈ အေျခအေနေတြကို ပိုမို ရႈပ္ေထြးသြားေစခဲ့ပါတယ္။

ျပည္သူ႔ သေဘာထား ဆႏၵ ေကာက္ယူမႈေတြအရ ေတာ့ သမၼတ ထရမ့္ဟာ ေ႐ြးေကာက္ပြဲဝင္မယ့္ လက္ရွိ သမၼတတစ္ေယာက္အေနနဲ႔ အားနည္းတဲ့ အေနအထားမွာ ရွိေနၿပီး ထပ္မံ အေ႐ြးခံရ ေရး စီးပြားေရး အားေကာင္းမႈနဲ႔ သူ႔ကို သစၥာရွိ ေထာက္ခံသူေတြ အေပၚမွာ မွီခိုေနရလိမ့္မယ္လို႔ ဆိုပါတယ္။ VOA သတင္းေထာက္ Jim Malone သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပမွာပါ။

ေနာက္သက္တမ္း ထပ္မံ အေ႐ြးခံဖို႔ မဲဆြယ္လႈပ္ရွားမႈေတြမွာ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ဟာ ေထာင္ခ်ီရွိတဲ့ သူ႔ကို ေထာက္ခံသူေတြရဲ႕ စြမ္းအားေၾကာင့္ သူ႔ရဲ႕ အားအင္ေတြ ျပန္လည္ ျပည့္ၿဖိဳးလာရစၿမဲပါ။

“ လက္ရွိ အစိုးရလက္ေအာက္မွာ အေမရိကန္ႏိုင္ငံ ျပန္လည္ ရွင္သန္ေနပါၿပီ။ အေမရိကန္ႏိုင္ငံဟာ အႏိုင္ေတြ ျပန္ရေနသလို အခ်ိန္ အေတာ္ၾကာ မရသလို ျဖစ္ေနခဲ့တဲ့ ေလးစားခံရမႈေတြကိုလည္း အခု ျပန္ ရေနပါၿပီ။”

ဒါေပမဲ့လည္း အခုအခ်ိန္မွာေတာ့ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ အမတ္ေတြ ဦးေဆာင္မယ့္ တရားစြဲဆို အေရးယူမႈ (impeachment) ကို ရင္ဆိုင္ေနရ ပါၿပီ။ ဒီကိစၥမွာ သမၼတ ထရမ့္က ယူကရိန္း သမၼတကို ဖုန္းေခၚၿပီး ဖိအားေပးခဲ့တဲ့ကိစၥလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ခဲ့ပါတယ္။ သမၼတ ထရမ့္က ယူကရိန္းကို ဖိအားေပးၿပီး သူ႔ ၿပိဳင္ဖက္ Joe Biden ရဲ႕ သားအေၾကာင္း စစ္ေဆးခိုင္းခဲ့ပါတယ္။ ဗုဒၶဟူးေန႔မွာပဲ အဲဒီ ဖုန္းထဲ ေျပာတဲ့စကားေတြကို အိမ္ျဖဴေတာ္က ထုတ္ျပန္ေပးခဲ့ရပါတယ္။ ေအာက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ နန္စီ ပီလိုစီက ဒီကိစၥ သမၼတမွာ တာဝန္ရွိတယ္လို႔ ေျပာပါတယ္။

“ သမၼတအေနနဲ႔ ဒီကိစၥကို တာဝန္ယူရပါမယ္။ ဘယ္သူမွ ဥပေဒအထက္မွာ ရွိမေနရပါဘူး။ ”

သမၼတဟာ အာဏာ အလြဲသုံးစား လုပ္ေနတယ္လို႔ ဒုတိယ သမၼတ ေဟာင္း Biden ကလည္း မဲဆြယ္ပြဲမွာ စြပ္စြဲခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔မွာ ဘာလုပ္လုပ္ ျဖစ္ေျမာက္ၿပီး အျပစ္ကေန အၿမဲလြတ္တယ္လို႔ ထင္ေနတဲ့ သမၼတ တစ္ေယာက္ရွိတယ္။ ကြၽန္ေတာ္တို႔မွာ သူ ဟာ ဥပေဒ အထက္မွာ ရွိတယ္လို႔ ထင္ေနတဲ့ သမၼတတစ္ေယာက္လည္း ရွိတယ္။”

သမၼတ ထရမ့္ကေတာ့ သူ ဘာအမွားမွ မလုပ္ေၾကာင္း ျငင္းဆိုသလို ဒီမိုကရက္ေတြရဲ႕ သူ႔အေပၚ တရားစြဲဆိုမႈဟာ ေနာက္ဆုံးမွာ သူ ျပန္လည္ ေ႐ြးေကာက္ခံေရး အေထာက္အကူ ျဖစ္ေစမယ္လို႔ လည္းေျပာခဲ့ပါတယ္။

“ သတင္းေကာင္းကေတာ့ မဲဆႏၵရွင္ေတြကိုယ္တိုင္က ဘာေတြျဖစ္သလဲဆိုတာ သိေနတယ္ေလ။ ဒါေၾကာင့္လည္း သူတို႔က ဒါဟာ ေ႐ြးေကာက္ပြဲအတြက္ ေကာင္းတယ္လို႔ ေျပာတာေပါ့။ ဒါေပမဲ့ ခင္ဗ်ားတို႔ သိသလား။ တိုင္းျပည္အတြက္ေတာ့ မေကာင္းဘူး။”

အခု လို တရားစြဲဆိုဖို႔ကိစၥအတြက္ စူးစမ္းမႈေတြ စတင္လုပ္မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ဟာ သမၼတ ထရမ့္ရဲ႕ ျပန္လည္ ေ႐ြးေကာက္ခံရေရးအတြက္ မေရရာ မေသခ်ာမႈေတြ ပိုမ်ားလာသလို အေမရိကန္ စီးပြားေရးကို အားနည္းသြားဖို႔ အေရးလည္း ရွိေနပါတယ္။

“ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲကေတာ့ ထရမ့္ကိုေထာက္ခံသူနဲ႔ ဆန႔္က်င္သူေတြအၾကား ၅၀-၅၀ ရွိတဲ့ အေနအထားပါ။ စီးပြားေရး ကိစၥ၊ စစ္ကိစၥနဲ႔ ၿငိမ္းခ်မ္ေရး ကိစၥေတြ ဘာျဖစ္လာမလဲ ဘာမွာ မသိႏိုင္ဘူး။ ဒီမိုကရက္ သမၼတေလာင္း ဘာလဲ ဘယ္လိုလဲ မသိႏိုင္ဘူး။”

ျပည္သူ႔ သေဘာထား စစ္တမ္းမွာေတာ့ ေနာက္ေ႐ြးေကာက္ပြဲမွာ ထရမ့္အတြက္ လူထုေထာက္ခံမႈ ပ်မ္းမွ်ႏႈန္း က်ဆင္းေနၿပီး သူ႔ကို စြဲစြဲၿမဲၿမဲ ေထာက္ခံသူေတြ အေပၚမွာသာ မွီခိုေနရမွာ ျဖစ္ပါတယ္လို႔ USA Today သတင္းစာက Susan Page က ေျပာပါတယ္။

“ ဘာျဖစ္ျဖစ္ သူ႔ကိုပဲ ေထာက္ခံၾကမယ့္ အမာခံ မဲဆႏၵရွင္ေတြရွိေနတာက သမၼတ ထရမ့္ရဲ႕ အားသာခ်က္ပါ။ သူ႔ ျပႆနာက အဲဒီ မဲဆႏၵရွင္ ေတြက မဲေပးသူ အေမရိကန္ အမ်ားစုႀကီးေတာ့ မဟုတ္ၾကဘူး။ ၄၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိမယ္။ ”

ဒါေပမဲ့ စီးပြားေရး ေတာင့္တင္းေနသေ႐ြ႕ ထရမ့္အတြက္ အက်ိဳးရွိေနမွာျဖစ္တယ္လို႔လည္း ရီပတ္ဘလစ္ကင္ပါတီ ေ႐ြးေကာက္ပြဲ ကြၽမ္းက်င္သူ John Feehery က ေျပာပါတယ္။

သမၼတ ထရမ့္ အေနနဲ႔ကေတာ့ ေနာက္တစ္ႀကိမ္ သက္တမ္း ေ႐ြးေကာက္ပြဲေတြမွာ ရႈံးနိမ့္ခဲ့ရသူ ဒီမိုကရက္ သမၼတေဟာင္း Jimmy Carter နဲ႔ ရီပတ္ဘလစ္ကန္ သမၼတေဟာင္း George H. W Bush တို႔ႏွစ္ဦးရဲ႕ ကံၾကမၼာမ်ိဳးကို ေရွာင္ရွားႏိုင္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ေနေၾကာင္းပါ။

(ယူနီကုဒ္)

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို တရားစွဲဆို အရေးယူဖို့ စတင် လုပ်ဆောင်တော့မယ် ဆိုတဲ့ အောက်လွှတ်တော် လူများစု ခေါင်းဆောင် ဒီမိုကရက် အမတ် နန်စီ ပီလိုစီရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်တဲ့အခါ ကြုံတွေ့ရမယ့် မသေချာမရေရာမှု အခြေအနေတွေကို ပိုမို ရှုပ်ထွေးသွားစေခဲ့ပါတယ်။

ပြည်သူ့ သဘောထား ဆန္ဒ ကောက်ယူမှုတွေအရ တော့ သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲဝင်မယ့် လက်ရှိ သမ္မတတစ်ယောက်အနေနဲ့ အားနည်းတဲ့ အနေအထားမှာ ရှိနေပြီး ထပ်မံ အရွေးခံရ ရေး စီးပွားရေး အားကောင်းမှုနဲ့ သူ့ကို သစ္စာရှိ ထောက်ခံသူတွေ အပေါ်မှာ မှီခိုနေရလိမ့်မယ်လို့ ဆိုပါတယ်။ VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။

နောက်သက်တမ်း ထပ်မံ အရွေးခံဖို့ မဲဆွယ်လှုပ်ရှားမှုတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ထောင်ချီရှိတဲ့ သူ့ကို ထောက်ခံသူတွေရဲ့ စွမ်းအားကြောင့် သူ့ရဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာရစမြဲပါ။

“ လက်ရှိ အစိုးရလက်အောက်မှာ အမေရိကန်နိုင်ငံ ပြန်လည် ရှင်သန်နေပါပြီ။ အမေရိကန်နိုင်ငံဟာ အနိုင်တွေ ပြန်ရနေသလို အချိန် အတော်ကြာ မရသလို ဖြစ်နေခဲ့တဲ့ လေးစားခံရမှုတွေကိုလည်း အခု ပြန် ရနေပါပြီ။”

ဒါပေမဲ့လည်း အခုအချိန်မှာတော့ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေ ဦးဆောင်မယ့် တရားစွဲဆို အရေးယူမှု (impeachment) ကို ရင်ဆိုင်နေရ ပါပြီ။ ဒီကိစ္စမှာ သမ္မတ ထရမ့်က ယူကရိန်း သမ္မတကို ဖုန်းခေါ်ပြီး ဖိအားပေးခဲ့တဲ့ကိစ္စလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။ သမ္မတ ထရမ့်က ယူကရိန်းကို ဖိအားပေးပြီး သူ့ ပြိုင်ဖက် Joe Biden ရဲ့ သားအကြောင်း စစ်ဆေးခိုင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ အဲဒီ ဖုန်းထဲ ပြောတဲ့စကားတွေကို အိမ်ဖြူတော်က ထုတ်ပြန်ပေးခဲ့ရပါတယ်။ အောက်လွှတ်တော် လူများစု ခေါင်းဆောင် နန်စီ ပီလိုစီက ဒီကိစ္စ သမ္မတမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“ သမ္မတအနေနဲ့ ဒီကိစ္စကို တာဝန်ယူရပါမယ်။ ဘယ်သူမှ ဥပဒေအထက်မှာ ရှိမနေရပါဘူး။ ”

သမ္မတဟာ အာဏာ အလွဲသုံးစား လုပ်နေတယ်လို့ ဒုတိယ သမ္မတ ဟောင်း Biden ကလည်း မဲဆွယ်ပွဲမှာ စွပ်စွဲခဲ့ပါတယ်။

“ ကျွန်တော်တို့မှာ ဘာလုပ်လုပ် ဖြစ်မြောက်ပြီး အပြစ်ကနေ အမြဲလွတ်တယ်လို့ ထင်နေတဲ့ သမ္မတ တစ်ယောက်ရှိတယ်။ ကျွန်တော်တို့မှာ သူ ဟာ ဥပဒေ အထက်မှာ ရှိတယ်လို့ ထင်နေတဲ့ သမ္မတတစ်ယောက်လည်း ရှိတယ်။”

သမ္မတ ထရမ့်ကတော့ သူ ဘာအမှားမှ မလုပ်ကြောင်း ငြင်းဆိုသလို ဒီမိုကရက်တွေရဲ့ သူ့အပေါ် တရားစွဲဆိုမှုဟာ နောက်ဆုံးမှာ သူ ပြန်လည် ရွေးကောက်ခံရေး အထောက်အကူ ဖြစ်စေမယ်လို့ လည်းပြောခဲ့ပါတယ်။

“ သတင်းကောင်းကတော့ မဲဆန္ဒရှင်တွေကိုယ်တိုင်က ဘာတွေဖြစ်သလဲဆိုတာ သိနေတယ်လေ။ ဒါကြောင့်လည်း သူတို့က ဒါဟာ ရွေးကောက်ပွဲအတွက် ကောင်းတယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ သိသလား။ တိုင်းပြည်အတွက်တော့ မကောင်းဘူး။”

အခု လို တရားစွဲဆိုဖို့ကိစ္စအတွက် စူးစမ်းမှုတွေ စတင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ထရမ့်ရဲ့ ပြန်လည် ရွေးကောက်ခံရရေးအတွက် မရေရာ မသေချာမှုတွေ ပိုများလာသလို အမေရိကန် စီးပွားရေးကို အားနည်းသွားဖို့ အရေးလည်း ရှိနေပါတယ်။

“ ဒီ ၂၀၂၀ ရွေးကောက်ပွဲကတော့ ထရမ့်ကိုထောက်ခံသူနဲ့ ဆန့်ကျင်သူတွေအကြား ၅၀-၅၀ ရှိတဲ့ အနေအထားပါ။ စီးပွားရေး ကိစ္စ၊ စစ်ကိစ္စနဲ့ ငြိမ်းချမ်ရေး ကိစ္စတွေ ဘာဖြစ်လာမလဲ ဘာမှာ မသိနိုင်ဘူး။ ဒီမိုကရက် သမ္မတလောင်း ဘာလဲ ဘယ်လိုလဲ မသိနိုင်ဘူး။”

ပြည်သူ့ သဘောထား စစ်တမ်းမှာတော့ နောက်ရွေးကောက်ပွဲမှာ ထရမ့်အတွက် လူထုထောက်ခံမှု ပျမ်းမျှနှုန်း ကျဆင်းနေပြီး သူ့ကို စွဲစွဲမြဲမြဲ ထောက်ခံသူတွေ အပေါ်မှာသာ မှီခိုနေရမှာ ဖြစ်ပါတယ်လို့ USA Today သတင်းစာက Susan Page က ပြောပါတယ်။

“ ဘာဖြစ်ဖြစ် သူ့ကိုပဲ ထောက်ခံကြမယ့် အမာခံ မဲဆန္ဒရှင်တွေရှိနေတာက သမ္မတ ထရမ့်ရဲ့ အားသာချက်ပါ။ သူ့ ပြဿနာက အဲဒီ မဲဆန္ဒရှင် တွေက မဲပေးသူ အမေရိကန် အများစုကြီးတော့ မဟုတ်ကြဘူး။ ၄၀ ရာခိုင်နှုန်းလောက်တော့ ရှိမယ်။ ”

ဒါပေမဲ့ စီးပွားရေး တောင့်တင်းနေသရွေ့ ထရမ့်အတွက် အကျိုးရှိနေမှာဖြစ်တယ်လို့လည်း ရီပတ်ဘလစ်ကင်ပါတီ ရွေးကောက်ပွဲ ကျွမ်းကျင်သူ John Feehery က ပြောပါတယ်။

သမ္မတ ထရမ့် အနေနဲ့ကတော့ နောက်တစ်ကြိမ် သက်တမ်း ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ရသူ ဒီမိုကရက် သမ္မတဟောင်း Jimmy Carter နဲ့ ရီပတ်ဘလစ်ကန် သမ္မတဟောင်း George H. W Bush တို့နှစ်ဦးရဲ့ ကံကြမ္မာမျိုးကို ရှောင်ရှားနိုင်လိမ့်မယ်လို့တော့ မျှော်လင့်နေကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG