သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားေရး ဦးစားေပးဖို႔ ကုလညီလာခံမွာ သမၼတ Trump ေျပာၾကား


အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ကုလသမဂၢ အေထြေထြ ညီလာခံမွာ အဂၤါေန႔က မိန္႔ခြန္း ေျပာၾကားခဲ့ပါတယ္။ အဲဒီ မိန္႔ခြန္းမွာ သမၼတ ထရမ့္က အေမရိကန္ႏုိ္င္ငံရဲ႕ စစ္ေရးအင္အားကို အမႊန္းတင္ ေျပာသြားသလို သူ႔ရဲ႕ ကုန္သြယ္ေရး၊ လူ၀င္မႈၾကီးၾကပ္ေရးနဲ႔ အမ်ိဳးသား ေရးဆိုင္ရာ မူ၀ါဒေတြကိုလည္း ကာကြယ္သြားခဲ့ပါတယ္။ ဗီြအိုေအ သတင္းေထာက္ Jeff Custer သတင္းေပး ပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပပါမယ္။

ကမၻာလုံးဆိုင္ရာ ၀ါဒ (Globalism) နဲ႔ ႏုိင္ငံစုံ ၀ါဒ (Multilateralism) ေတြကို အစဥ္အျမဲ ဆန္႔က်င္ေလ့ရွိသူ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ကုလသမဂၢ ညီလာခံမွာ မိန္႔ခြန္းေျပာၾကားတဲ့အခါမွာလည္း သူ႔ရဲ႕ကိုယ္ပိုင္၀ါဒျဖစ္တဲ့ “အေမရိကန္သာ ပထမ” ဆိုတဲ့ အယူအဆကိုပဲ ထင္ဟပ္ေအာင္ ေျပာၾကားသြား ခဲ့ပါတယ္။

“လြတ္လပ္မႈကို လိုလားတယ္ဆိုရင္ ခင္ဗ်ားတို႔ တိုင္းျပည္အေပၚ ခင္ဗ်ားတို႔ ဂုဏ္ယူၾကပါ။ ဒီမိုကေရစီကို ခင္ဗ်ားတို႔ လိုလားရင္ ခင္ဗ်ား တို႔ရဲ႕ အခ်ဳပ္အျခာ အာဏာကို ခိုင္ျမဲေအာင္လုပ္ပါ။ ျငိမ္းခ်မ္းေရးကို လိုလားရင္ ခင္ဗ်ားတို႔ တိုင္းျပည္ကို ခင္ဗ်ားတို႔ ခ်စ္ပါ။ ပညာဥာဏ္ရွိတဲ့ ေခါင္းေဆာင္ေတြဆိုတာ ကိုယ့္တိုင္းျပည္နဲ႔ ကိုယ့္လူမ်ိဳးကို ေရွ႕တန္းတင္ ၾကတယ္။ အနာဂတ္ကို ကမၻာလုံးဆိုင္ရာ ၀ါဒီေတြ မပိုင္ဘူး၊ မ်ိဳးခ်စ္ ေတြပဲ ပိုင္ၾကတယ္။”

သမၼတ ထရမ့္ဟာ ႏုိ္င္ငံတကာ ကုန္သြယ္ေရး ပုံ သ႑ာန္ကို ေျပာင္းလဲပစ္ဖို႔ သူ႔ရဲ႕ အျမင္ကိုလည္း ေျပာသြားခဲ့သလို တရုတ္နဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရး အျငင္းပြားမႈမွာလည္း မမွ်တတဲ့ ကုန္သြယ္ေရးဆိုင္ရာ က်င့္သုံးခ်က္ေတြကို ေထာက္ျပရင္း သူ႔ရဲ႕ မူ၀ါဒကို ကာကြယ္ ေျပာၾကား သြားခဲ့ပါတယ္။

“တရုတ္ႏုိ္င္ငံကိုယ္တိုင္က ေပးထားတဲ့ ျပဳျပင္ေျပာင္းလဲမႈဆိုင္ရာ ကတိေတြကို ပ်က္ကြက္ရုံသာမကဘူး ေစ်းကြက္ ပိတ္ပင္တာေတြ၊ အစိုးရက ေထာက္ပံ့ေၾကးေငြ အလြန္အမင္း ေပးတာေတြ၊ ေငြေၾကးကစားတာေတြ၊ ကုန္ပစၥည္းေတြ အစုလိုက္ အပုံလိုက္ ဖ်က္ဆီးပစ္တာေတြ၊ နည္းပညာ အဓမၼ လႊဲေျပာင္းေပးခိုင္းတာေတြ၊ ဥာဏ ပစၥည္း ခိုးယူတာေတြ အဲဒါေတြ အေပၚ အေျခခံတဲ့ စီးပြားေရး စနစ္ကို ယံုၾကည္လက္ခံ က်င့္သုံးေနတယ္။”

သမၼတ ထရမ့္ဟာ သူ႔ရဲ႕ လူ၀င္မႈႀကီးၾကပ္ေရး မူ၀ါဒေတြကိုလည္း ကာကြယ္ေျပာၾကားသြားရုံတင္မက လူမႈေရး တရားမွ်တမႈဆိုတာကို အေၾကာင္းျပၿပီး သူ႔ကို ဆန္႔က်င္သူေတြကိုလည္း လူေမွာင္ခုိေတြနဲ႔ မူးယစ္ေမွာင္ခိုဂိုဏ္းေတြကို အကာအကြယ္ေပးေနသူေတြအျဖစ္ စြပ္စြဲ ေျပာၾကားခဲ့ပါတယ္။

“ဒီကေန႔ေတာ့ လူမွႈေရး တရားမွ်တမႈဆိုတဲ့ စကားလုံးလွလွ သုံးၿပီး နယ္စပ္ တံခါး ဖြင့္ေပးဖို႔ ေျပာေနတဲ့ တက္ၾကြလွဳပ္ရွားသူအတြက္ စကား တစ္ခြန္းေျပာခ်င္တယ္။ ခင္ဗ်ားတို႔ မူ၀ါဒဟာ မမွ်တရုံတင္မကဘူး ရက္စက္ျပီး မႏွစ္ျမိဳ႕ဖြယ္ အနိ႒ာရံုေတြသာ ျဖစ္ပါတယ္။ ခင္ဗ်ားတုိ႔ဟာ အျပစ္မဲ့ ကေလးေတြနဲ႔ ေယာက္်ား၊ မိန္းမေတြအေပၚ ရာဇ၀တ္မႈ က်ဴးလြန္ေစဖို႔ လူဆိုးဂိုဏ္းအဖြဲ႕အစည္းေတြကို လုပ္ပိုင္ခြင့္ အာဏာ ေပးေန ပါတယ္။”

ဆက္လက္ျပီး သမၼထရမ့္က အမ်ိဳးသမီးေတြရဲ႕ တန္းတူ အခြင့္အေရးနဲ႔ လိင္တူ ခ်စ္သူေတြ အေၾကာင္းကိုလည္း ေျပာခဲ့ရာမွာ က်ား၊ မ ၊လိင္ အေပၚ အေျခခံျပီး အျပစ္ေပးခံရ၊ ေထာင္က်ခံရျပီး စီရင္ခ်က္ခ်ခံရသူေတြ အားလုံးအတြက္ ေထာက္ခံ ရပ္တည္ေပးၾကဖို႔ကိုလည္း တိုက္တြန္း သြားခဲ့ပါတယ္။

အမ်ိဳးသမီးေတြ လုပ္ပိုင္ခြင့္ ရၾကတ့ဲ ႏုိင္ငံေတြ ပိုလို႔ ၾကီးပြား ခ်မ္းသာသလို ေဘးရန္ကင္းျပီး ႏုိင္ငံေရးအရလည္း တည္ၿငိမ္တယ္ လို႔ လည္း ေထာက္ျပ ေျပာဆိုသြားခဲ့ပါတယ္။

မိန္႔ခြန္း နိဂုံးခ်ဳပ္မွာေတာ့ ႏုိ္င္ငံတစ္ႏုိင္ငံရဲ႕ ကိုယ္ပိုင္ ခုခံကာကြယ္ခြင့္ကို ေထာက္ျပရင္း မည္သည့္ အေျခအေနမွာပဲျဖစ္ျဖစ္ ဘယ္ ႏုိင္ငံ တကာအဖြဲ႔အစည္းကိုမွ အေမရိကန္ ႏုိင္ငံသားေတြရဲ႕ အခြင့္အေရးကို ထိခိုက္နစ္နာေအာင္ လုပ္ခြင့္ေပးမွာ မဟုတ္ေၾကာင္း၊ ဒါေၾကာင့္လည္း အေမရိကန္ႏုိင္ငံအတြင္း ရရွိေနတဲ့ လူတစ္ဦးခ်င္းစီ ေသနတ္ကိုင္ေဆာင္ႏုိင္တဲ့ အခြင့္အေရးကို အႏၱရာယ္ျပဳ ၿခိမ္းေျခာက္ေနတဲ့ ကုလသမဂၢရဲ႕ လက္နက္ ကုန္သြယ္ေရးဆိုင္ရာစာခ်ဳပ္ကို အေမရိကန္ႏုိင္ငံအေနနဲ႕ ဘယ္ေတာ့မွလက္မွတ္ေရးထိုးမွာ မဟုတ္ေၾကာင္း ေျပာၾကားသြားေၾကာင္း ပါ။

..................

{Unicode}

အမျိုးသားရေး ဦးစားပေးဖို့ ကုလညီလာခံမှာ သမ္မတ Trump ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အင်္ဂါနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းမှာ သမ္မတ ထရမ့်က အမေရိကန်နိုင်ငံရဲ့ စစ်ရေးအင်အားကို အမွှန်းတင် ပြောသွားသလို သူ့ရဲ့ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား ရေးဆိုင်ရာ မူဝါဒတွေကိုလည်း ကာကွယ်သွားခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer သတင်းပေး ပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။

ကမ္ဘာလုံးဆိုင်ရာ ဝါဒ (Globalism) နဲ့ နိုင်ငံစုံ ဝါဒ (Multilateralism) တွေကို အစဉ်အမြဲ ဆန့်ကျင်လေ့ရှိသူ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂ ညီလာခံမှာ မိန့်ခွန်းပြောကြားတဲ့အခါမှာလည်း သူ့ရဲ့ကိုယ်ပိုင်ဝါဒဖြစ်တဲ့ “အမေရိကန်သာ ပထမ” ဆိုတဲ့ အယူအဆကိုပဲ ထင်ဟပ်အောင် ပြောကြားသွား ခဲ့ပါတယ်။

“လွတ်လပ်မှုကို လိုလားတယ်ဆိုရင် ခင်ဗျားတို့ တိုင်းပြည်အပေါ် ခင်ဗျားတို့ ဂုဏ်ယူကြပါ။ ဒီမိုကရေစီကို ခင်ဗျားတို့ လိုလားရင် ခင်ဗျား တို့ရဲ့ အချုပ်အခြာ အာဏာကို ခိုင်မြဲအောင်လုပ်ပါ။ ငြိမ်းချမ်းရေးကို လိုလားရင် ခင်ဗျားတို့ တိုင်းပြည်ကို ခင်ဗျားတို့ ချစ်ပါ။ ပညာဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ရှေ့တန်းတင် ကြတယ်။ အနာဂတ်ကို ကမ္ဘာလုံးဆိုင်ရာ ဝါဒီတွေ မပိုင်ဘူး၊ မျိုးချစ် တွေပဲ ပိုင်ကြတယ်။”

သမ္မတ ထရမ့်ဟာ နိုင်ငံတကာ ကုန်သွယ်ရေး ပုံ သဏ္ဍာန်ကို ပြောင်းလဲပစ်ဖို့ သူ့ရဲ့ အမြင်ကိုလည်း ပြောသွားခဲ့သလို တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုမှာလည်း မမျှတတဲ့ ကုန်သွယ်ရေးဆိုင်ရာ ကျင့်သုံးချက်တွေကို ထောက်ပြရင်း သူ့ရဲ့ မူဝါဒကို ကာကွယ် ပြောကြား သွားခဲ့ပါတယ်။

“တရုတ်နိုင်ငံကိုယ်တိုင်က ပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကတိတွေကို ပျက်ကွက်ရုံသာမကဘူး ဈေးကွက် ပိတ်ပင်တာတွေ၊ အစိုးရက ထောက်ပံ့ကြေးငွေ အလွန်အမင်း ပေးတာတွေ၊ ငွေကြေးကစားတာတွေ၊ ကုန်ပစ္စည်းတွေ အစုလိုက် အပုံလိုက် ဖျက်ဆီးပစ်တာတွေ၊ နည်းပညာ အဓမ္မ လွှဲပြောင်းပေးခိုင်းတာတွေ၊ ဉာဏ ပစ္စည်း ခိုးယူတာတွေ အဲဒါတွေ အပေါ် အခြေခံတဲ့ စီးပွားရေး စနစ်ကို ယုံကြည်လက်ခံ ကျင့်သုံးနေတယ်။”

သမ္မတ ထရမ့်ဟာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကိုလည်း ကာကွယ်ပြောကြားသွားရုံတင်မက လူမှုရေး တရားမျှတမှုဆိုတာကို အကြောင်းပြပြီး သူ့ကို ဆန့်ကျင်သူတွေကိုလည်း လူမှောင်ခိုတွေနဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေကို အကာအကွယ်ပေးနေသူတွေအဖြစ် စွပ်စွဲ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့တော့ လူမှှုရေး တရားမျှတမှုဆိုတဲ့ စကားလုံးလှလှ သုံးပြီး နယ်စပ် တံခါး ဖွင့်ပေးဖို့ ပြောနေတဲ့ တက်ကြွလှုပ်ရှားသူအတွက် စကား တစ်ခွန်းပြောချင်တယ်။ ခင်ဗျားတို့ မူဝါဒဟာ မမျှတရုံတင်မကဘူး ရက်စက်ပြီး မနှစ်မြို့ဖွယ် အနိဋ္ဌာရုံတွေသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ဟာ အပြစ်မဲ့ ကလေးတွေနဲ့ ယောက်ျား၊ မိန်းမတွေအပေါ် ရာဇဝတ်မှု ကျူးလွန်စေဖို့ လူဆိုးဂိုဏ်းအဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် အာဏာ ပေးနေ ပါတယ်။”

ဆက်လက်ပြီး သမ္မထရမ့်က အမျိုးသမီးတွေရဲ့ တန်းတူ အခွင့်အရေးနဲ့ လိင်တူ ချစ်သူတွေ အကြောင်းကိုလည်း ပြောခဲ့ရာမှာ ကျား၊ မ ၊လိင် အပေါ် အခြေခံပြီး အပြစ်ပေးခံရ၊ ထောင်ကျခံရပြီး စီရင်ချက်ချခံရသူတွေ အားလုံးအတွက် ထောက်ခံ ရပ်တည်ပေးကြဖို့ကိုလည်း တိုက်တွန်း သွားခဲ့ပါတယ်။

အမျိုးသမီးတွေ လုပ်ပိုင်ခွင့် ရကြတဲ့ နိုင်ငံတွေ ပိုလို့ ကြီးပွား ချမ်းသာသလို ဘေးရန်ကင်းပြီး နိုင်ငံရေးအရလည်း တည်ငြိမ်တယ် လို့ လည်း ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

မိန့်ခွန်း နိဂုံးချုပ်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင် ခုခံကာကွယ်ခွင့်ကို ထောက်ပြရင်း မည်သည့် အခြေအနေမှာပဲဖြစ်ဖြစ် ဘယ် နိုင်ငံ တကာအဖွဲ့အစည်းကိုမှ အမေရိကန် နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်နစ်နာအောင် လုပ်ခွင့်ပေးမှာ မဟုတ်ကြောင်း၊ ဒါကြောင့်လည်း အမေရိကန်နိုင်ငံအတွင်း ရရှိနေတဲ့ လူတစ်ဦးချင်းစီ သေနတ်ကိုင်ဆောင်နိုင်တဲ့ အခွင့်အရေးကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့ ကုလသမဂ္ဂရဲ့ လက်နက် ကုန်သွယ်ရေးဆိုင်ရာစာချုပ်ကို အမေရိကန်နိုင်ငံအနေနဲ့ ဘယ်တော့မှလက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း ပြောကြားသွားကြောင်း ပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG