သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတနဲ႔ Trump တယ္လီဖုန္းေျပာမႈ ကန္၀ါရင့္အမတ္ေတြ ေတာင္းဆုိခ်က္ထုတ္ျပန္


အေမရိကန္ သမၼတ Donald Trump နဲ႔ ယူကရိန္း သမၼတၾကား တယ္လီဖုန္း ဆက္သြယ္ေျပာဆိုမႈနဲ႔ ဆက္စပ္တဲ႔ စာရြက္စာတမ္းေတြ အားလံုးကို ၾကာသပေတးေန႔မွာ လႊဲေျပာင္းေပးဖို႔ ၾသဇာႀကီးတဲ႔ ေအာက္လႊတ္ေတာ္ ေခါင္းေဆာင္ သံုးဦးက ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo ကို ေတာင္းဆိုလိုက္ၿပီး ဒီလိုမွ မဟုတ္ရင္ လႊတ္ေတာ္ရဲ႕ ဆင့္ေခၚမႈနဲ႔ ရင္ဆိုင္ရမယ္လို႔ ေျပာဆိုထားပါတယ္။

ၿပီးခဲ႔တဲ႔ သီတင္း ၂ ပတ္ကတည္းက ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကို စာေပးပို႔ၿပီး ပထမဆံုး အႀကိမ္ ေတာင္းဆိုခဲ႔ၿပီ ျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရး ေကာ္မတီ၊ ေထာက္လွမ္းေရး ေကာ္မတီနဲ႔ ႀကီးၾကပ္ေရး ေကာ္မတီေတြရဲ႕ ဥကၠဌေတြ ျဖစ္တဲ႔ Elliot Engel, Adam Schiff, and Elijah Cummings တို႔က ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

ယူကရိန္း သမၼတ Volodymyr Zelenskiy နဲ႔ သမၼတ Trump တို႔ တယ္လီဖုန္း ဆက္သြယ္ ေျပာဆိုၿပီး ေနာက္ ရက္ပိုင္း အၾကာမွာ သမၼတ Trump ရဲ႕ ေရွ႕ေန Rudy Giuliani နဲ႔ ယူကရိန္း အစိုးရ တာ၀န္ရွိသူေတြၾကား ေဆြးေႏြးပြဲကို ႏုိင္ငံျခားေရး၀န္ႀကီး Pompeo ရဲ႕ အႀကီးတန္း ၀န္ထမ္းတဦးက စီစဥ္ေပးခဲ႔တယ္လို႔ ႏုိင္ငံျခားေရး ဌာနက ၀န္ခံထားတဲ႔ အေၾကာင္းလည္း ေအာက္လႊတ္ေတာ္ ေကာ္မတီ ဥကၠဌေတြက ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ ဇူလိုင္လ ၂၅ ရက္ေန႔က ယူကရိန္း သမၼတနဲ႔ တယ္လီဖုန္း ဆက္သြယ္ ေျပာဆိုမႈ အတြင္း အဂတိလိုက္စားမႈနဲ႔ ဒီမိုကရက္ ပါတီရဲ႕ သမၼတ ကိုယ္စားလွယ္ေလာင္း ယွဥ္ၿပိဳင္ေနသူ Joe Biden အေၾကာင္း ေျပာဆိုခဲ႔တယ္လို႔ သမၼတ Trump က ၀န္ခံထားပါတယ္။ သမၼတရဲ႕ ေရွ႕ေန Giuliani က သူ႔ရဲ႕ ေဆြးေႏြးပြဲနဲ႔ ပတ္သက္လို႔ ႏုိင္ငံျခားေရး ဌာနရဲ႕ ထိပ္တန္း တာ၀န္ရွိသူ ႏွစ္ဦးကို အလြတ္သေဘာ အက်ဥ္းရံုး တင္ျပခဲ႔တယ္လို႔လည္း သတင္းေဖာ္ျပခ်က္ေတြကို ကိုးကားၿပီး ေအာက္လႊတ္ေတာ္ ေကာ္မတီ သံုးခုက ဥကၠဌေတြက ေျပာဆိုၾကပါတယ္။ လႊတ္ေတာ္ဘက္က ဆင့္ေခၚစာ မပို႔ခင္မွာ ေတာင္းထားတဲ႔ စာရြက္စာတမ္းေတြကို ႏုိင္ငံျခားေရး ၀န္ႀကီး Pompeo က ေပးအပ္မလားဆိုတာကို ၾကာသပေတးေန႔ ေနာက္ဆံုးထားၿပီး အေၾကာင္းျပန္ဖို႔ ေအာက္လႊတ္ေတာ္ ေကာ္မတီ သံုးခုရဲ႕ ဥကၠဌေတြ လိုလားေနတာ ျဖစ္ပါတယ္။

................

{Unicode}

အမေရိကန် သမ္မတ Donald Trump နဲ့ ယူကရိန်း သမ္မတကြား တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ကြာသပတေးနေ့မှာ လွှဲပြောင်းပေးဖို့ သြဇာကြီးတဲ့ အောက်လွှတ်တော် ခေါင်းဆောင် သုံးဦးက နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တောင်းဆိုလိုက်ပြီး ဒီလိုမှ မဟုတ်ရင် လွှတ်တော်ရဲ့ ဆင့်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကတည်းက နိုင်ငံခြားရေး ဝန်ကြီးဌာနကို စာပေးပို့ပြီး ပထမဆုံး အကြိမ် တောင်းဆိုခဲ့ပြီ ဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၊ ထောက်လှမ်းရေး ကော်မတီနဲ့ ကြီးကြပ်ရေး ကော်မတီတွေရဲ့ ဥက္ကဌတွေ ဖြစ်တဲ့ Elliot Engel, Adam Schiff, and Elijah Cummings တို့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskiy နဲ့ သမ္မတ Trump တို့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုပြီး နောက် ရက်ပိုင်း အကြာမှာ သမ္မတ Trump ရဲ့ ရှေ့နေ Rudy Giuliani နဲ့ ယူကရိန်း အစိုးရ တာဝန်ရှိသူတွေကြား ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး Pompeo ရဲ့ အကြီးတန်း ဝန်ထမ်းတဦးက စီစဉ်ပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဌာနက ဝန်ခံထားတဲ့ အကြောင်းလည်း အောက်လွှတ်တော် ကော်မတီ ဥက္ကဌတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ယူကရိန်း သမ္မတနဲ့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု အတွင်း အဂတိလိုက်စားမှုနဲ့ ဒီမိုကရက် ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်နေသူ Joe Biden အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတ Trump က ဝန်ခံထားပါတယ်။ သမ္မတရဲ့ ရှေ့နေ Giuliani က သူ့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဌာနရဲ့ ထိပ်တန်း တာဝန်ရှိသူ နှစ်ဦးကို အလွတ်သဘော အကျဉ်းရုံး တင်ပြခဲ့တယ်လို့လည်း သတင်းဖော်ပြချက်တွေကို ကိုးကားပြီး အောက်လွှတ်တော် ကော်မတီ သုံးခုက ဥက္ကဌတွေက ပြောဆိုကြပါတယ်။ လွှတ်တော်ဘက်က ဆင့်ခေါ်စာ မပို့ခင်မှာ တောင်းထားတဲ့ စာရွက်စာတမ်းတွေကို နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပေးအပ်မလားဆိုတာကို ကြာသပတေးနေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ အောက်လွှတ်တော် ကော်မတီ သုံးခုရဲ့ ဥက္ကဌတွေ လိုလားနေတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG