သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ သတင္းေအဂ်င္စီ USAGM အႀကီးအကဲသစ္ သမၼတ Trump အဆုိျပဳ 


Michael Pack

အေမရိကန္ အစိုးရ သတင္းဌာနေတြကို ႀကီးၾကပ္တဲ့ U.S Agency for Global Media ရဲ႕ အႀကီးအကဲတာ၀န္ယူဖို႔ ကြန္ဆာေဗးတစ္ ရုပ္ရွင္ထုတ္လုပ္သူ တဦးျဖစ္တဲ့ Michael Pack ကို သမၼတက အဆုိျပဳထားတာေၾကာင့္ မေန႔က အထက္လႊတ္ေတာ္ၾကားနာပြဲမွာ သူ႔ တာ၀န္ အတည္ျပဳႏုိင္ေရး ေမးခြန္းေတြ ေမးခဲ့ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဘက္မလိုက္ဘဲ မွ်မွ်တတ သတင္းေတြ ထုတ္လႊင့္ဖို႔ ဥပေဒအရ တာ၀န္ေပးထားတဲ့ VOA အေမရိကန္အသံလုိ၊ အေမရိကန္ အစိုးရ သတင္းဌာနေတြအေပၚ သမၼတ Trump က ႏုိင္ငံေရးအရ တဖက္သတ္ အသုံးခ်သြားမွာ စိုးရိမ္မႈေတြနဲ႔ ပတ္သက္ၿပီး ၾကားနာပြဲမွာ သူက ေျဖရွင္းသြားခဲ့ပါတယ္။ Brian Padden ရဲ႕ သတင္းေပးပို႔ခ်က္ကို ကိုရန္ႏုိင္က ေျပာျပပါလိမ့္မယ္။

USAGM ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ သူ႔ကိုခန္႔အပ္အတည္ျပဳခဲ့ရင္၊ သတင္းဌာနေတြရဲ႕ လြတ္လြတ္လပ္လပ္ ရပ္တည္ခြင့္ကို မထိခုိက္ေအာင္ အာမခံသြားမယ္လုိ႔ Michael Pack က အထက္လႊတ္ေတာ္ ႏုိင္ငံျခားဆက္ဆံေရးေကာ္မတီမွာ မေန႔က ေျပာၾကားလိုက္ပါတယ္။ တကယ္လို႔ အတည္ျပဳခဲ့မယ္ဆုိရင္ေတာ့ သူဟာ သမၼတထရမ့္အစိုးက အဆုိျပဳတင္သြင္းတဲ့ ဒီအဖဲြ႔ရဲ႕ ပထမဆုံး အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္လာမွာပါ။

“ဒီဌာနတခုလုံးကေတာ့ သတင္းေထာက္ဆုိတာ လြတ္လပ္ရမယ္၊ သတင္းေရးသားတဲ့ေနရာမွာ ဘာႏုိင္ငံေရးၾသဇာလႊမ္းမုိးမႈမွမရွိရဘူးဆုိတဲ့ ယုံၾကည္ခ်က္ေပၚမွာ အေျခခံထားတာျဖစ္ပါတယ္။ အဲဒီယုံၾကည္ခ်က္ မရွိဘူးဆုိရင္ေတာ့ ဒီဌာနေတြရဲ႕ လုပ္ငန္းတာ၀န္ေတြလည္း ထိေရာက္မႈရွိေတာ့မွာ မဟုတ္ပါဘူး။”

Pack ဟာ မွတ္တမ္း႐ုပ္ရွင္ထုတ္လုပ္သူတစ္ေယာက္ျဖစ္ၿပီး ကယ္လီဖိုးနီးယားအေျခစုိက္ Claremont Institute ရဲ႕ အႀကီးအကဲျဖစ္ပါတယ္။ သူဦးေဆာင္ဖို႔ အဆုိျပဳထားတဲ့ USAGM အဖဲြ႔ဟာ အေမရိကန္အစိုးရကေထာက္ပံ့ထားတဲ့ ႏုိင္ငံတကာသတင္းေအဂ်င္စီေတြကို ႀကီးၾကပ္ရတာျဖစ္ၿပီး တႏွစ္ကို အေမ၇ိကန္ေဒၚလာ ၆၂၈ သန္း အသုံးစရိတ္ ရွိပါတယ္။ အဲဒီထဲမွာ VOA အပါအ၀င္ Radio Marti, Alhurra TV နဲ႔ SAWA ေရဒီယို၊ အျပင္ Radio Free Europe, Radio Liberty နဲ႔ Radio Free Asia (RFA) တုိ႔လည္း ပါ၀င္ၿပီး ႏုိင္ငံေပါင္း ၁၀၀ ေလာက္ကို ထုတ္လႊင့္ေပးေနတာပါ။ နားဆင္ၾကည့္ရႈ႕သူ ၃၄၅ သန္းေလာက္ ရွိပါတယ္။

VOA ရဲ႕ ပဋိညာဥ္စာတမ္းကို ၁၉၇၆ ခုႏွစ္က အတည္ျပဳခဲ့ၿပီး၊ ႏုိင္ငံတကာအသံလႊင့္အက္ဥပေဒအရ - အစိုးရအသံလႊင့္သတင္းဌာနမွာ လုပ္ကိုင္ေနသူေတြအားလုံးဟာ သတင္းစံသတ္မွတ္ခ်က္ေတြကို တိတိက်က် လိုက္နာေစာင့္ထိန္းဖို႔ ျပဌာန္းထားပါတယ္။ They Poynter Institute က Al Tompkins က အခုလုိေျပာပါတယ္။

“ခင္ဗ်ားတုိ႔ဟာ တျခားႏုိင္ငံေတြက အစိုးရပိုင္ သတင္းမီဒီယာေတြမ်ဳိး တဘက္တည္း ကိုေရးသား ေဖာ္ျပေနတဲ့ အစိုးရပိုင္သတင္းမီဒီယာ မဟုတ္ပါဘူး။”

USAGM ဌာနရဲ႕ သတင္းလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး ပါတီ ၂ ရပ္စလုံးက လႊတ္ေတာ္အမတ္ေတြက ေထာက္ခံၾကတယ္လို႔ ဗီအိုေအညႊန္ၾကားေရးမွဴးေဟာင္ David Jackson က ေျပာပါတယ္။

“VOA နဲ႔ တျခားအသံလႊင့္ဌာနေတြကေန ထုတ္လႊင့္ေနတာေတြကို ကြန္ဂရက္လႊတ္ေတာ္အမတ္ေတြက ေထာက္ခံပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔က ကမာၻတ၀ွမ္းက ၾကည့္ရႈနားဆင္ေနတဲ့ ျပည္သူ ေတြရဲ႕ ယုံၾကည္အားကိုလို႔ရတဲ့ သတင္းရင္းျမစ္တခုရဲ႕ တန္ဖိုးကို နားလည္တဲ့အတြက္ေၾကာင့္ပါ။”

ဒါေပမဲ့လည္း တခ်ိဳ႕သမၼတထ၇မ့္ကို ေ၀ဖန္သူေတြကေတာ့ - ဒီအသံလႊင့္ဌာနေတြကု အစိုးရမူ၀ါဒေတြကို တဘက္သက္၀ါဒျဖန္႔ထုတ္လႊင့္ဖို႔ အသုံးခ်သြားမွာကို စိုးရိမ္ေနၾကပါတယ္။

ေဆြးေႏြးပဲြမွာပါ၀င္တဲ့ ဒီမုိကရက္အထက္လႊတ္ေတာ္အမတ္ Bob Menendez ကေတာ့ Pack နဲ႔ သမၼတထရမ့္ရဲ႕ မဟာဗ်ဴဟာေရးရာ အႀကီးအကဲေဟာင္းလည္းျဖစ္၊ ေနာက္ျပည္တြင္းမွာ ကြန္ဆာေဗးတစ္အမ်ိဳးသား၀ါဒီေတြရဲ႕ သတင္းေတြကို ထုတ္လႊင့္ေပးခဲ့တဲ့ Breitbart သတင္းေအဂ်င္စီ အႀကီးအကဲေဟာင္းလည္းျဖစ္တဲ့ Steve Bannon တုိ႔ရဲ႕ ဆက္ဆံေရးအေပၚ အဓိက ေမးခြန္းထုတ္ခဲ့ပါတယ္။ Steve Bannon နဲ႔ Pack တုိ႔ဟာ အီရတ္စစ္ပဲြ နဲ႔ ႏ်ဴးကလီးယားအေရးကိစၥ မွတ္တမ္းတခုကို ပူးတဲြထုတ္လုပ္ခဲ့ပါတယ္။

အစိုးရသတင္းဌာနေတြက သတင္းေထာက္ေတြအေပၚ နုိင္ငံေရးအရ ဖိအားေပးတာေတြကို ဘယ္လို ကာကြယ္ေပးမလဲ၊ လက္မခံပဲ ပယ္ခ်နုိင္မလားဆုိၿပီး Bob Menendez က ေမးခြန္းထုတ္ခဲ့ပါတယ္။ Michael Pack ကေတာ့ သူ႔အေနနဲ႕ လုပ္ႏုိင္မယ္လို႔ ထင္ေၾကာင္း နဲ႔ အရင္ကလည္း ဒီလိုကာကြယ္ခဲ့ဘူးတယ္ဆုိၿပီး ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

................

{Unicode}

အမေရိကန် သတင်းအေဂျင်စီ USAGM အကြီးအကဲသစ် သမ္မတ Trump အဆိုပြု
အမေရိကန် အစိုးရ သတင်းဌာနတွေကို ကြီးကြပ်တဲ့ U.S Agency for Global Media ရဲ့ အကြီးအကဲတာဝန်ယူဖို့ ကွန်ဆာဗေးတစ် ရုပ်ရှင်ထုတ်လုပ်သူ တဦးဖြစ်တဲ့ Michael Pack ကို သမ္မတက အဆိုပြုထားတာကြောင့် မနေ့က အထက်လွှတ်တော်ကြားနာပွဲမှာ သူ့ တာဝန် အတည်ပြုနိုင်ရေး မေးခွန်းတွေ မေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘက်မလိုက်ဘဲ မျှမျှတတ သတင်းတွေ ထုတ်လွှင့်ဖို့ ဥပဒေအရ တာဝန်ပေးထားတဲ့ VOA အမေရိကန်အသံလို၊ အမေရိကန် အစိုးရ သတင်းဌာနတွေအပေါ် သမ္မတ Trump က နိုင်ငံရေးအရ တဖက်သတ် အသုံးချသွားမှာ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ကြားနာပွဲမှာ သူက ဖြေရှင်းသွားခဲ့ပါတယ်။ Brian Padden ရဲ့ သတင်းပေးပို့ချက်ကို ကိုရန်နိုင်က ပြောပြပါလိမ့်မယ်။

USAGM ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် သူ့ကိုခန့်အပ်အတည်ပြုခဲ့ရင်၊ သတင်းဌာနတွေရဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ကို မထိခိုက်အောင် အာမခံသွားမယ်လို့ Michael Pack က အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ မနေ့က ပြောကြားလိုက်ပါတယ်။ တကယ်လို့ အတည်ပြုခဲ့မယ်ဆိုရင်တော့ သူဟာ သမ္မတထရမ့်အစိုးက အဆိုပြုတင်သွင်းတဲ့ ဒီအဖွဲ့ရဲ့ ပထမဆုံး အမှုဆောင်အရာရှိချုပ်ဖြစ်လာမှာပါ။

“ဒီဌာနတခုလုံးကတော့ သတင်းထောက်ဆိုတာ လွတ်လပ်ရမယ်၊ သတင်းရေးသားတဲ့နေရာမှာ ဘာနိုင်ငံရေးသြဇာလွှမ်းမိုးမှုမှမရှိရဘူးဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အဲဒီယုံကြည်ချက် မရှိဘူးဆိုရင်တော့ ဒီဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေလည်း ထိရောက်မှုရှိတော့မှာ မဟုတ်ပါဘူး။”

Pack ဟာ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီး ကယ်လီဖိုးနီးယားအခြေစိုက် Claremont Institute ရဲ့ အကြီးအကဲဖြစ်ပါတယ်။ သူဦးဆောင်ဖို့ အဆိုပြုထားတဲ့ USAGM အဖွဲ့ဟာ အမေရိကန်အစိုးရကထောက်ပံ့ထားတဲ့ နိုင်ငံတကာသတင်းအေဂျင်စီတွေကို ကြီးကြပ်ရတာဖြစ်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ၆၂၈ သန်း အသုံးစရိတ် ရှိပါတယ်။ အဲဒီထဲမှာ VOA အပါအဝင် Radio Marti, Alhurra TV နဲ့ SAWA ရေဒီယို၊ အပြင် Radio Free Europe, Radio Liberty နဲ့ Radio Free Asia (RFA) တို့လည်း ပါဝင်ပြီး နိုင်ငံပေါင်း ၁၀၀ လောက်ကို ထုတ်လွှင့်ပေးနေတာပါ။ နားဆင်ကြည့်ရှု့သူ ၃၄၅ သန်းလောက် ရှိပါတယ်။

VOA ရဲ့ ပဋိညာဉ်စာတမ်းကို ၁၉၇၆ ခုနှစ်က အတည်ပြုခဲ့ပြီး၊ နိုင်ငံတကာအသံလွှင့်အက်ဥပဒေအရ - အစိုးရအသံလွှင့်သတင်းဌာနမှာ လုပ်ကိုင်နေသူတွေအားလုံးဟာ သတင်းစံသတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာစောင့်ထိန်းဖို့ ပြဌာန်းထားပါတယ်။ They Poynter Institute က Al Tompkins က အခုလိုပြောပါတယ်။

“ခင်ဗျားတို့ဟာ တခြားနိုင်ငံတွေက အစိုးရပိုင် သတင်းမီဒီယာတွေမျိုး တဘက်တည်း ကိုရေးသား ဖော်ပြနေတဲ့ အစိုးရပိုင်သတင်းမီဒီယာ မဟုတ်ပါဘူး။”

USAGM ဌာနရဲ့ သတင်းလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက ထောက်ခံကြတယ်လို့ ဗီအိုအေညွှန်ကြားရေးမှူးဟောင် David Jackson က ပြောပါတယ်။

“VOA နဲ့ တခြားအသံလွှင့်ဌာနတွေကနေ ထုတ်လွှင့်နေတာတွေကို ကွန်ဂရက်လွှတ်တော်အမတ်တွေက ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကမ္ဘာတဝှမ်းက ကြည့်ရှုနားဆင်နေတဲ့ ပြည်သူ တွေရဲ့ ယုံကြည်အားကိုလို့ရတဲ့ သတင်းရင်းမြစ်တခုရဲ့ တန်ဖိုးကို နားလည်တဲ့အတွက်ကြောင့်ပါ။”

ဒါပေမဲ့လည်း တချို့သမ္မတထ၇မ့်ကို ဝေဖန်သူတွေကတော့ - ဒီအသံလွှင့်ဌာနတွေကု အစိုးရမူဝါဒတွေကို တဘက်သက်ဝါဒဖြန့်ထုတ်လွှင့်ဖို့ အသုံးချသွားမှာကို စိုးရိမ်နေကြပါတယ်။

ဆွေးနွေးပွဲမှာပါဝင်တဲ့ ဒီမိုကရက်အထက်လွှတ်တော်အမတ် Bob Menendez ကတော့ Pack နဲ့ သမ္မတထရမ့်ရဲ့ မဟာဗျူဟာရေးရာ အကြီးအကဲဟောင်းလည်းဖြစ်၊ နောက်ပြည်တွင်းမှာ ကွန်ဆာဗေးတစ်အမျိုးသားဝါဒီတွေရဲ့ သတင်းတွေကို ထုတ်လွှင့်ပေးခဲ့တဲ့ Breitbart သတင်းအေဂျင်စီ အကြီးအကဲဟောင်းလည်းဖြစ်တဲ့ Steve Bannon တို့ရဲ့ ဆက်ဆံရေးအပေါ် အဓိက မေးခွန်းထုတ်ခဲ့ပါတယ်။ Steve Bannon နဲ့ Pack တို့ဟာ အီရတ်စစ်ပွဲ နဲ့ နျူးကလီးယားအရေးကိစ္စ မှတ်တမ်းတခုကို ပူးတွဲထုတ်လုပ်ခဲ့ပါတယ်။

အစိုးရသတင်းဌာနတွေက သတင်းထောက်တွေအပေါ် နိုင်ငံရေးအရ ဖိအားပေးတာတွေကို ဘယ်လို ကာကွယ်ပေးမလဲ၊ လက်မခံပဲ ပယ်ချနိုင်မလားဆိုပြီး Bob Menendez က မေးခွန်းထုတ်ခဲ့ပါတယ်။ Michael Pack ကတော့ သူ့အနေနဲ့ လုပ်နိုင်မယ်လို့ ထင်ကြောင်း နဲ့ အရင်ကလည်း ဒီလိုကာကွယ်ခဲ့ဘူးတယ်ဆိုပြီး ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG