သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလိမ်ညာဝါဒဖြန့်မှု VOA သတင်းမှန်နဲ့ တုံ့ပြန်


အသံလွှင့်လုပ်ငန်းများအုပ်ချုပ်မှုဘုတ်အဖွဲ့ BBG ရဲ့ အမှုဆောင်အရာရှိချုပ် John Lansing
အသံလွှင့်လုပ်ငန်းများအုပ်ချုပ်မှုဘုတ်အဖွဲ့ BBG ရဲ့ အမှုဆောင်အရာရှိချုပ် John Lansing

မျှတမှန်ကန်တဲ့သတင်းတွေကို ရုရှားအစိုးရက လိမ်လည်တင်ပြပြီး ဝါဒဖြန့်နေတာကို အမေရိကန်ပြည်ထောင်စုက အင်တာနက် Online ကိုအသုံးချပြီး တန်ပြန်တုံ့ပြန်နေတယ်လို့ အသံလွှင့်လုပ်ငန်းများအုပ်ချုပ်မှုဘုတ်အဖွဲ့ BBG ရဲ့ အမှုဆောင်အရာရှိချုပ် John Lansing ကပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဝါဒဖြန့်မှုတွေ မဟုတ်မမှန် ဖော်ပြချက်တွေ အင်မတန်မှများလာတာကို တွေ့နေရပြီး BBG လက်အောက်က အသံလွှင့်အေဂျင်စီတွေက အချက်အလက်အမှန်တွေနဲ့ တန်ပြန်ထုတ်လွှင့် တင်ပြနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ အထက်လွှတ်တော်ကြားနာပွဲတခုမှာ ပြောကြားခဲ့ပါတယ်။ BBG ရဲ့အုပ်ချုပ်မှုအောက်မှာ VOA အပါအဝင် တခြားအသံလွှင့်ဌာနတွေရှိပါတယ်။

ရုရှားဘာသာနဲ့ ထုတ်လွှင့်နေတဲ့ “Current Time” ဆိုတဲ့ သတင်းကွန်ယက်ကနေ ဘယ်အချက်အလက်တွေက မှန်တယ် မှားတယ်ဆိုတာကို ပရိသတ်တွေသိအောင် ခွဲခြားပြောပြနေတယ်လို့ John Lansing ကရှင်းပြခဲ့ပါတယ်။ ရုရှားကပေးနေတဲ့ လုပ်ကြံသတင်းတွေအစား ထိရောက် ဘက်မလိုက် အရည်အသွေးရှိတဲ့ သတင်းတွေနဲ့ အချက်အလက်တွေကို ပေးပြီး BBG ကသတင်းမှား စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေတယ်လို့ BBG အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG