သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဘာသာ အစီအစဉ် ဗွီအိုအေ စတင် ထုတ်လွှင့်


အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ ဗွီအိုအေ ဘင်္ဂါလီ ဘာသာ ဌာန လက်အောက်ကနေ ရိုဟင်ဂျာ အသံလွှင့် အစီအစဉ်ကို ဇူလိုင် ၂၉ ရက်နေ့ တနလာၤနေ့က စတင် ထုတ်လွှင့်ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားရှိ ကူတူးပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းက ပေးပို့တဲ့ သတင်းတွေ အပြင် အထူးသဖြင့် ဘင်္ဂလားဒေရှ့် အပါအဝင် နိုင်ငံတကာ သတင်းတွေကို တနေ့ကိုနာရီဝက် တနလာၤနေ့ကနေ သောကြာနေ့ အထိ တပတ် ၅ ရက် ဝါရှင်တန် စံတော်ချိန် မနက် ၇ နာရီခွဲ၊ ဘင်္ဂလားဒေရှ့် စံတော်ချိန် ညနေ ၅ နာရီခွဲမှာ ရိုဟင်ဂျာ ဘာသာစကားနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Lifeline လို့ အမည်ပေးထားတဲ့ မိနစ် ၃၀ စာ ရေဒီယို အစီအစဉ်မှာတော့ ဒုက္ခသည်တွေရဲ့ ဘဝနဲ့ လိုအပ်ချက်တွေ၊ လုံခြုံရေး၊ မိသားစု ပြန်လည်စုံစည်းရေး၊ ရိက္ခာ ခွဲတမ်း၊ ခိုလှုံရေး စခန်း၊ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်သလို သူတို့ရဲ့ မိသားစုတွေကိုလည်း လေလှိုင်းကနေ တဆင့် စကားပါးနိုင်ပါတယ်။နောက် အစွန်းရောက် အဖွဲ့တွေမှာ ပူးပေါင်းပါဝင်ရတဲ့ အန္တရာယ်တွေကိုလည်း လေ့လာ သင်ယူနိုင်ပါတယ်။

ဒုက္ခသည် စခန်းတွေအတွင်းမှာ မူဆလင် အစွန်းရောက်တွေရဲ့ ဝါဒဖြန့် လူသစ်စုဆောင်းဖို့ ကြိုးပမ်းမှုတွေကို တန်ပြန်ကိုင်တွယ်နိုင်ရေးကလည်း အခု အသံလွှင့်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အကြောင်းရင်း တခု အနေနဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီပဋိပက္ခ အခက်အခဲကြီးမှာ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ပါဝင်မှုတွေကိုလည်း ရိုဟင်ဂျာတွေကို အသိပေးတာ ဖြစ်ပါတယ်လို့လည်း VOA ရဲ့မိခင် အဖွဲ့အစည်း ဖြစ်တဲ့ U.S. Agency for Global Media (USAGM) က သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာဘာသာ အစီအစဉ် ဗွီအိုအေ စတင် ထုတ်လွှင့်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG