သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အသံလွှင့်လုပ်ငန်း ထိပ်တန်းအရာရှိ ရုရှားပြည်ဝင်ခွင့် ငြင်းပယ်ခံရ


အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell
အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell

အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell ဟာ ဒီသီတင်းပတ်အတွင်း လုပ်ငန်းကိစ္စနဲ့ မော်စကိုကိုသွားတာမှာ ရုရှားနိုင်ငံက ပြည်ဝင်ခွင့်မပြု တဲ့အပြင် နာရီအတော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။

မော်စကိုလေဆိပ်ကို ရောက်သွားပြီး ဝင်ခွင့်ရဖို့အတွက် တန်းစီစောင့်နေချိန်မှာ သူ့ကိုဆွဲထုတ်သွားပြီးတော့ ဖမ်းထားခဲ့တယ်လို့ မစ္စတာ Shell က New York Times သတင်းစာကိုပြောပါတယ်။ BBG ဟာ Voice of America အမေရိကန်အသံ၊ လွတ်လပ် သော အာရှအသံ RFA နဲ့ လွတ်လပ်သော ဥရောပအသံ RFE တို့အပါအဝင် အမေရိကန်အစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ အသံလွှင့်လုပ်ငန်းတွေကို ကြီးကြပ်တဲ့ဘုတ်အဖွဲ့ပါ။

ရုရှားဘာသာနဲ့ရေးထားတဲ့ စာရွက်စာတမ်းတွေ သူ့ကိုလက်မှတ်ထိုးခိုင်းလို့ သူ နားမလည်တာကို လက်မှတ်မထိုးဘူးဆိုပြီး ငြင်းခဲ့ တဲ့အကြောင်း မစ္စတာ Shell ကပြောပါတယ်။ အဲဒီနောက် ဘာသာပြန်ထားတဲ့စာရွက်ကို အာဏာပိုင်တွေက ပေးတာမှာ သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

သူ့ကို ရုရှားနိုင်ငံထဲ ဘာ့ကြောင့် ပေးမဝင်တာလည်းဆိုတာ ရှင်းမပြဘဲ နောက်ထပ် သုံးနာရီကြာ ထိန်းသိမ်းထားပြီးတဲ့နောက်မှာမှ ရုရှားကနေထွက်မယ့် လေယာဉ်တစင်းပေါ်တက်ဖို့ ရုရှားအာဏာပိုင်တွေက စီစဉ်ခဲ့တယ်လို့ မစ္စတာ Shell ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG