သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ နိုင်ငံတကာအသံလွှင့်လုပ်ငန်း ပြန်လည်ပုံဖော်ရေး အစီရင်ခံစာသစ်တိုက်တွန်း


အစိုးရရဲ့ နိုင်ငံတကာ အသံလွှင့်လုပ်ငန်းကို အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တွေနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို အထောက်အကူပြုအောင် ပြန်လည် ပြုပြင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ လေ့လာမှုအသစ်တရပ်က ဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာကို BBG လို့ခေါ်တဲ့ အစိုးရအသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတွေ အစုအဖွဲ့ခွဲဖြစ်တဲ့ Radio Free Europe (RFE), Radio Liberty အဖွဲ့ဝင်ဟောင်းတို့က ပြုစုကြတာဖြစ်ပါတယ်။

RFE နဲ့ Radio Liberty တို့ဟာ စစ်အေးကာလ ကွန်မြူနစ်နိုင်ငံက လူတွေဆီကို ဦးတည်ထုတ်လွှင့်တာ ဖြစ်ပါတယ်။ BBG ဟာ အင်တာနက်ဝပ်စာမျက်နှာ၊ ရေဒီယိုရုပ်မြင်သံကြားတို့မှာ ဘာသာစကား ၄၅ မျိုးနဲ့ ထုတ်လွှင့်ပြီး ကမ္ဘာတလွှား ပရိသတ် ၁၆၄ သန်းတို့ဆီကို သတင်းအချက်အလက်တွေ ပို့ပေးနေတာ ဖြစ်ပါတယ်။

အခုလက်ရှိ အသံလွှင့်လုပ်ငန်းရဲ့ တာဝန်သတ်မှတ်ချက်ဟာ ရှင်းရှင်းလင်းလင်း မရှိဘူးလို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

XS
SM
MD
LG