သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ အီရတ်အသံ သတင်းထောက် ဘဂ္ဂဒက်မှာ အသတ်ခံရ


အီရတ်သတင်းထောက်တွေက သတင်းထောက် အသတ်ခံရတဲ့နေရာမှာ မီးထွန်းညှိနေစဉ် ဘေးကစောင့်ကြည့်နေစဉ်။ (မတ်လ ၂၂၊ ၂၀၁၄)
အီရတ်သတင်းထောက်တွေက သတင်းထောက် အသတ်ခံရတဲ့နေရာမှာ မီးထွန်းညှိနေစဉ် ဘေးကစောင့်ကြည့်နေစဉ်။ (မတ်လ ၂၂၊ ၂၀၁၄)
Radio Free Europe/Radio Liberty RFE/RL က လွတ်လပ်သော အီရတ် ရေဒီယို Radio Free Iraq ရဲ့ ဘဂ္ဂဒက်ဗျူရို အကြီး အကဲဟာ မြို့တော်က သူ့ရဲ့အိမ်အနီး စစ်ဆေးရေးဂိတ်မှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။

Mohammad Bdaiwi Owaid al-Shammari ကို အီရတ်သမ္မတ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တစ်ဦးက စနေနေ့ အစောပိုင်းမှာ ပစ်သတ်ခဲ့တာပါ။ စစ်ဆေးရေးဂိတ်ကို သူ့ကား ကိုယ့်ကား အရင်ဖြတ်သွားရေး အငြင်းအခုန်ဖြစ်ရင်း ကိုယ်ရံတော်က ပစ်သတ်လိုက်တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် ပစ်လိုက်တဲ့ ကိုယ်ရံတော် ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။ သေဆုံးသူ သတင်းထောက်ရဲ့ မိသားစုကို အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီက ခေတ္တတွေ့ဆုံပြီး အလျင်အမြန် အရေးယူ လုပ်ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

RFA/RL အသံလွှင့်ဌာနဟာ အမေရိကန်အစိုးရက အထောက်အပံ့ပေးထားတဲ့ ဗွီအိုအေအပါအဝင် အရပ်ဘက် နိုင်ငံတကာ သတင်းမီဒီယာတွေကို ကြီးကြပ်ပြီး သီးခြားလွတ်လပ်တဲ့ Broadcasting Board of Governors အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေး ဘုတ်အဖွဲ့ BBG ထဲက ဌာနတစ်ခုဖြစ်ပါတယ်။ al-Shammari ဟာ ယုံကြည်ရပြီး ဘက်မလိုက်တဲ့သတင်းတွေ အီရတ်လူထုရရှိ အောင် လုပ်ကိုင်ခဲ့သူ စူးနစ်တဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်လို့ BBG ဥက္ကဋ္ဌ Jeff Shell က ပြောပါတယ်။
XS
SM
MD
LG