သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ အသံလွှင့်လုပ်ငန်းများဆိုင်ရာ BBG ဘုတ်အဖွဲ့ CEO သစ်ခန့်


VOA အမေရိကန်အသံကို ကြီးကြပ်စီမံခန့်ခွဲမှု ပေးနေတဲ့ အမေရိကန်ပြည်ထောင်စု အစိုးရ အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်ရေးမှုးများဘုတ်အဖွဲ့ BBG ရဲ့ အမှုဆောင်အရာရှိချုပ် အသစ်အဖြစ် Scripps Networks ရဲ့ အကြီးအကဲဟောင်း John Lansing ကို ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

Scripps Networks ဟာ မီဒီယာမျိုးစုံအတွက် သတင်းနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ဖြန့်ချီ ပံ့ပိုးပေးတဲ့ ဌာနဖြစ်ပါတယ်။ BBG ရဲ့ ထုတ်ပြန်ကြေညာချက်အရ Mr. Lansing ဟာ ရှေ့လမှာ သူ့ရဲ့ရာထူးတာဝန်ကို ထမ်းဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမှုဆောင်အရာချုပ် တဦးအနေနဲ့ Mr. Lansing ဟာ အမေရိကန် အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ အရပ်ဘက် နိုင်ငံတကာ သတင်းမီဒီယာတွေ အားလုံးကို ကြီးကြပ်စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အကြီးဆုံးကတော့ VOA အမေရိကန်အသံ ဖြစ်ပြီး၊ တခြားအသံလွှင့်ဌာနတွေကတော့ RFA လွတ်လပ်တဲ့ အာရှအသံ၊ Radio Free Europe လွတ်လပ်တဲ့ ဥရောပအသံ၊ Radio Liberty၊ Middle East Broadcasting Network အရှေ့အလယ်ပိုင်း အသံလွှင့် အစီအစဉ် ကွန်ယက်နဲ့ ရေဒီယို၊ TV Marti အစရှိတဲ့ ဌာနတွေပါဝင်ပါတယ်။

ဒီဌာနတွေကနေ ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို အပတ်စဉ် ကမ္ဘာအနှံ့ကနေ လူပေါင်း ၂၁၅ သန်း က ဖမ်းယူ နားဆင် ကြည့်ရှုနေကြတာပါ။ Mr. Lansing ဟာ Scripps Networks ရဲ့ အကြီးအကဲ အဖြစ်ကနေ ၂၀၁၃ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။ ဒါပေမဲ့ အတိုင်ပင်ခံအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG