သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ညွှန်ကြားရေးမှူု းသစ် ပူလစ်ဇာဆုရှင် အမျိုးသမီး


VOA ညွှန်ကြားရေးမှူု းသစ် ပူလစ်ဇာဆုရှင် အမျိုးသမီး စာရေးဆရာမ Amanda Bennett ။
VOA ညွှန်ကြားရေးမှူု းသစ် ပူလစ်ဇာဆုရှင် အမျိုးသမီး စာရေးဆရာမ Amanda Bennett ။

အမေရိကန်အစိုးရရဲ့ အကြီးဆုံး နိုင်ငံတကာအသံလွှင့်ဌာနဖြစ်တဲ့ VOA အမေရိကန်အသံရဲ့ ညွှန်ကြားရေးမှူး သစ်အဖြစ် သတင်းမှန် ဖော်ထုတ်တင်ပြသူ ပူလစ်ဇာဆုရှင် စာရေးဆရာမ Amanda Bennett ကို ရွေးချယ်လိုက်ပါတယ်။

မစ္စစ် ဘန်းနတ် ဟာ လာမယ့် တနင်္လာနေ့ ဧပြီလ ၁၈ ရက်နေ့ကျရင် ဗွီအိုအေ ဌာနချုပ်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး စတင် တာဝန်ထမ်းဆောင်သွားမှာဖြစ် တဲ့အကြောင်း ဗွီအိုအေနဲ့ တခြား အမေရိကန်အသံလွှင့်ဌာန ၄ ခုကို ကြီးကြပ်ရတဲ့ အုပ်ချုပ်ရေးမှူး ဘုတ်အဖွဲ့ (BBG) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဗွီအိုအေရဲ့ ညွှန်ကြားရေးမှူးသစ်ဖြစ်လာမယ့် မစ္စစ် ဘန်းနတ် ဟာ - ဘလွန်းဘတ် သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး၊ ကမ္ဘာတဝှမ်း သတင်းမှန်ဖော်ထုတ်ရေး သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ ပါဝင်တဲ့ အဖွဲ့တခုကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့တာပါ။ အရင်ကလည်း Philadelphia ၊ Inquirer သတင်းဌာနရဲ့ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါသေးတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စုက The Wall Street Journal မှာလည်း သတင်းထောက်တဦးအဖြစ်နဲ့ရော၊ အယ်ဒီတာတဦးအနေနဲ့ပါ နှစ် ၂၀ ကြာ တာဝန်ထမ်းခဲ့ပြီး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက လူထုဘဏ္ဍာတွေ၊ အထောက်အပံ့တွေရအောင် AIDS ရောဂါ အန္တရာယ်ကို မမှန်မကန် တင်ပြခဲ့ကြတဲ့ အကြောင်း ဖော်ထုတ်ခဲ့တဲ့အတွက် သူနဲ့ Wall Street Journal က လုပ်ဖော်ကိုင်ဘက်တွေ ပူလစ်ဇာဆုကို ပူးတွဲရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Amanda Bennett)ဟာ - ၂၁ ရာစုရဲ့ သတင်းမီဒီယာ စိန်ခေါ်မှုတွေ ကို ကျော်လွှားပြီး ဗွီအိုအေကို ဦးဆောင်နိုင်မယ့် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ယုံကြည်ကြောင်းကိုလည်း - BBG ဘုတ်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် John Lansing က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘန်းနတ်ဟာ စာအုပ် ၆ အုပ်ကို သူကိုယ်တိုင်ရော၊ ပူးတွဲ ရေးသားပြုစုမှုတွေပါ လုပ်ခဲ့ဖူးသူဖြစ်သလို၊ မကြာသေးခင်အချိန်ထိတည်း The Washington Post သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် အဖြစ် ရေးသားနေသူလည်းဖြစ်ပါတယ်။

အရေးကြီးတဲ့ သတင်းဌာနတခုမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက်ကြောင်းနဲ့ စိတ်လှုပ်ရှားရတဲ့အကြောင်းကိုလည်း ဝါရင့်သတင်းစာဆရာတဦးဖြစ်တဲ့ Amanda Bannett က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG