သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အစိုးရ စွပ်စွဲချက် ကန်သံအမတ်ကြီးပယ်ချ


ကမ္ဘောဒီးယား အစိုးရက ပိတ်လိုက်တဲ့ Cambodia Daily ရဲ့ နောက်ဆုံးထုတ် စာစောင်။
ကမ္ဘောဒီးယား အစိုးရက ပိတ်လိုက်တဲ့ Cambodia Daily ရဲ့ နောက်ဆုံးထုတ် စာစောင်။

အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘောဒီးယား အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ် ဆိုတဲ့ ဝန်ကြီးချုပ် Hun Sen ရဲ့စွပ်စွဲချက်တွေကို ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက အပြင်းအထန် တုန့်ပြန်ပြီး စွပ်စွဲချက်တွေဟာ မမှန်ဘူး၊ မှားယွင်း လွဲ ချော်တယ်၊ အခြေအမြစ် မရှိဘူးဆိုပြီး ပြောပါတယ်။

ကမ္ဘေားဒီးယား အတိုက်အခံ ခေါင်းဆောင် Kem Sokha ကို အစိုးရက စက်တင်ဘာလ ၃ ရက်နေ့မှာ ဖမ်းလိုက်အပြီး သီတင်း နှစ်ပတ် မရှိသေးတဲ့ အင်္ဂါနေ့မှာ အမေရိကန် သံအမတ်ကြီး William Heidt က အဲဒီလို ပြောတာပါ။ ဝန်ကြီးချုပ် ဟွန်ဆန် ဆီကနေ အာဏာလုယူဖို့ အမေရိကန်နဲ့ ပေါင်းပြီး ကြံစည်တယ်လို့ Kem Sokha ကို စွပ်စွဲပြီးတော့ နိုင်ငံတော် ပုန်ကန်မှု စွဲချက်နဲ့ ဖမ်းလိုက် တာပါ။

နောက်နှစ် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန်ကို တိုက်ခိုက် ပြောဆိုတာတွေ၊ အတိုက်အခံတွေနဲ့ သတင်းမီဒီယာတွေ အပေါ် နှိပ်ကွပ်တာတွေကို ဝန်ကြီးချုပ် ဟွန်ဆန်က ပိုလုပ် လာနေတာပါ။ ခမာနီ ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ မစ္စတာ ဟွန်ဆန် ကမ္ဘောဒီးယားကို အုပ်ချုပ်လာတာ နှစ် ၃၀ ကျော်နေပါပြီ။

အင်္ဂလိပ်ဘာသာ သတင်းစာ တစောင်ဖြစ်တဲ့ Cambodian Daily သတင်းစာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အစိုးရက ပိတ်ပစ်ခဲ့ပါ တယ်။ ကမ္ဘောဒီးယား အစိုးက အနှောက်အယှက် ပေးတာတွေကို ပိုလုပ်လာတာကြောင့် အမေရိကန် အစိုးရက ရန်ပုံငွေ ထောက်ပံ့ ထားတဲ့ လွတ်လပ်သော အာရှအသံ RFA ရဲ့ ဖနွမ်းပင်မြို့တော် ဌာနခွဲ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ကြောင်း အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေး ဘုတ်အဖွဲ့ BBG က အင်္ဂါနေ့ ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

ကမ္ဘောဒီးယား အစိုးရ စွပ်စွဲချက် ကန်သံအမတ်ကြီးပယ်ချ
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG