သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီး IS တွေကို နိုင်ငံရင်းပြန်ခေါ်ဖို့ သမ္မတ Trump ခြိမ်းခြောက်တောင်းဆို


တိုက်ပွဲမှာဖမ်းဆီးရမိထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို ပြန်လည်ခေါ်ယူဖို့ ဆက်ငြင်းနေမယ်ဆိုရင် ဥရောပက သူတို့လာရောက်ရာ ဌာနေနိုင်ငံတွေဆီကို ပြန်ပို့မယ်လို့ အမေရိကန်သမ္မတ Donald Trump က ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘာကြီးမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ပပျောက်သွားရေးအတွက် အမေရိကန်ကအများဆုံး လုပ်ဆောင်ပေးခဲ့ပြီးပြီမို့ အခုအချိန်ဟာ တခြားနိုင်ငံတွေ လုပ်ဆောင်ဖို့ အချိန်ကျပြီ ဖြစ်ကြောင်းနဲ့ ဆီးရီးယားမှာ ထားတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ ဆက်ပြီး လုပ်ဆောင်မယ်လို့ သမ္မတ Trump က သောကြာနေ့မှာ ပြောပါတယ်။

ဒီစစ်အကျဉ်းသားတွေကို ပြန်ခေါ်ကြဖို့ အမေရိကန်က ပြောကြားခဲ့ပေမယ့် ဒီနိုင်ငံတွေက ပြန်မခေါ်ကြတဲ့အတွက် အခုတကြိမ်မှာတော့ ဒီအကျဉ်းသားတွေကို သူတို့လာရာ နိုင်ငံက နယ်စပ်တွေကို သွားပို့ထားမယ်လို့ သမ္မတ Trump က Australia ဝန်ကြီးချုပ် Scott Morrison နဲ့ တွေ့ဆုံစဉ်အတွင်း သမ္မတအိမ်ဖြူ Oval ရုံးခန်းမှာ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump အခုလို ပြောတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဖေဖေါ်ဝါရီလတုန်းက အိုင်အက်စ် တွေ ကျဆုံးတော့မယ်လို့ သူ့တွစ်တာမှာ ရေးချိန်ကလည်း ဒီအိုင်အက်စ် ကာလီဖိတ် တိုက်ခိုက်ရေးသမားတွေကို ပြန်ခေါ်ဖို့ လက်တွန့်နေတဲ့ ဥရောပ မဟာမိတ်တွေကို ဝေဖန်ခဲ့တာပါ။

ဆီးရီးယားမှာ ဖမ်းမိပြီး တရားရင်ဆိုင်နေရတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမား ၈၀၀ ကျော်ရှိပြီး ဒီလူတွေကို ပြန်ခေါ်ကြဖို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနဲ့ တခြားဥရောပ မဟာမိတ်နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ အီရတ်ကနေ ဖမ်းဆီးရမိတဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားက ထောင်နဲ့ချီရှိနေပြီး ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ ယာယီ အကျဉ်းစခန်း တွေမှာ SDF တပ်တွေ ထိန်းသိမ်းထားရသူက ၂ ထောင်ကျော် ရှိနိုင်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ ဒီစခန်းတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။

..............

{Unicode}








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG