IS စစ်သွေးကြွအုပ်စုတွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအပေါ် လျော်ကြေးပြန်ပေးဖို့ အီရတ် လွှတ်တော်အမတ်တွေက တောင်းဆို လိုက်ပါတယ်။ စစ်သွေးကြွတွေကို ထောင်ချ အရေး ယူ တာမျိုးတင်၊ သေဒဏ်ပေးယုံတင်မကဘဲ ငွေကြေးအရပါလျော်ကြေး ပေးသင့်တယ်လို့ အီရတ်လွှတ်တော်ဥက္ကဋ္ဌက မနေ့ကပဲပြောခဲ့ပါတယ်။
အီရတ်ပြည်သူတွေကိုထိခိုက်နစ်နာအောင်၊ အီရတ်နိုင်ငံအတွင်း ပျက်စီးမှုတွေရှိအောင် ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ သူတွေအနေနဲ့ သူတို့ရဲ့နိုင်ငံတွေကနေ လျော်ကြေးပေးဖို့ အီ ရတ် လွှတ်တော်ကနေ တရားဝင် တောင်းဆို ကြောင်း အီရတ်လွှတ်တော်ဥက္ကဋ္ဌ Mohammed Al-Halbousi က ဝါရှန်တန် ဒီစီမှာ မနေ့ကပဲ သတင်းထောက် တွေကို ပြောခဲ့တာပါ။ အီရတ်လွှတ်တော်က တရားဝင်တောင်းဆိုမှုအသေးစိတ်ကိုတော့ သူကမပြောပါဘူး။ ထိခိုက်နစ်နာပျက်စီးမှုတွေဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအနေနဲ့ ဒီကိစ္စကိုသူတို့ တာဝန်ယူစေရလိမ့်မယ် လို့ ဆိုပါတယ်။
အီရတ်ကိုထိခိုက်ပျက်စီးအောင်လုပ်ခဲ့တဲ့နိုင်ငံခြားသားတွေကို အလျော်ပေးဖို့ကျနော်တို့ တောင်းဆိုမယ်၊ ဒါဟာ အီရတ်ပြည်သူတွေအကြား ဆုံရှုံးခဲ့ရတဲ့မိသားစုဝင်တွေနဲ့ ပိုင် ဆိုင်မှု တွေအတွက် အလျော်တောင်းပိုင်ခွင့်ရှိတဲ့ ကိစ္စပဲလို့ ဆိုပါတယ်။ အခုလဆန်းပိုင်း တုန်းက အမေရိကန်ရဲ့အကူအညီနဲ့ ဆီးရီးယားမှာလှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေက ဖမ်းဆီး မိတဲ့ ပြင်သစ်နိုင်ငံက IS စစ်သွေးကြွ ၁၄ ဦးကို အီရတ်ထောင်ကိုလွှဲပြောင်းပေးခဲ့ပြီး တရားဥပဒေအရ ဆောင်ရွက်မှုတွေစတင်လုပ် ဆောင်နေပါပြီ။