သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် စစ်ရပ်စဲရေး အလားအလာကောင်း


အာဖဂန်ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာအထူးကိုယ်စားလှယ် Zalmay Khalilzad (ဖေဖော်ဝါရီ၊ ၀၈၊ ၂၀၁၉)
အာဖဂန်ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာအထူးကိုယ်စားလှယ် Zalmay Khalilzad (ဖေဖော်ဝါရီ၊ ၀၈၊ ၂၀၁၉)

ကာတာနိုင်ငံမှာ တာလီဘန် သူပုန်နဲ့ လက်ရှိ ကျင်းပနေတဲ့ ဆွေးနွေးပွဲဟာဆိုရင် အာဖဂန်နစ္စတန် နိုင်ငံက စစ်ပွဲကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေး ဆောင်ရွက်ပြီးစီးခဲ့ သမျှထဲမှာ အထိရောက်ဆုံး ဖြစ်တယ်လို့ အမေရိကန် ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင်က စနေနေ့မှာ ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။

၁၈ နှစ်နီးပါးကြာ စစ်ပွဲတွင်း အမေရိကန်နဲ့ တာလီဘန် ရန်ဘက် နှစ်ဖွဲ့ကြား တနှစ်နီးပါးကြာ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ ၇ ကြိမ်မြောက် ဆွေးနွေးမှုကိုတော့ ဇွန်လ ၂၉ ရက်နေ့က စတင်ခဲ့တာပါ။

ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ တနင်္ဂနွေနေ့မှာ စတင်မယ့် အာဖဂန် ပြည်တွင်းရေး ဆွေးနွေးပွဲ အတွက် အမေရိကန်နဲ့ တာလီဘန်ကြား ဆွေးနွေးပွဲတွေ ရပ်နားဖို့ စနေနေ့မှာ ဆုံးဖြတ်ခဲ့ကြောင်းလည်း Zalmay Khalilzad က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ပြီးခဲ့တဲ့ ၆ ရက်ကြာ ဆွေးနွေးမှုတွေဟာဆိုရင် ဆွေးနွေးခဲ့ပြီးသမျှတွေထဲမှာ အထိရောက်ဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက် ကဏ္ဍလေးခုစလုံးမှာ ခိုင်မာတဲ့ တိုးတက်မှုတွေ ဆောင်ကျဉ်းနိုင်ခဲ့ကြောင်း Khalilzad က မှတ်ချက်ပေး ရေးသားထားပါတယ်။

တာလီဘန်တို့ဘက်က အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အာမခံချက်၊ နိုင်ငံတွင်းကနေ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံခြား တပ်ဖွဲ့တွေ ဆုတ်ခွာရေး အချိန်ကာလ သတ်မှတ်ချက်၊ အာဖဂန် ပြည်တွင်းရေး ဆွေးနွေးပွဲတွေမှာ တာလီဘန် သူပုန် အဖွဲ့ ပါဝင်ရေးနဲ့ အလုံးစုံ ပါဝင်တဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေးတို့ကို အဓိကထားပြီး ဆွေးနွေးကြတယ်လို့လည်း အာဖဂန်မှာ မွေးဖွားခဲ့သူ အမေရိကန် သံတမန်က ပြောပါတယ်။

သဘောတူညီချက် တခုခု မရခင်မှာတော့ အရေးကြီးတဲ့ ဆောင်ရွက်ဖွယ်တွေ ရှိနေဆဲ ဖြစ်ကြောင်း အာဖဂန် ပြည်တွင်းရေး ဆွေးနွေးပွဲ အပြီး ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန်နဲ့ တာလီဘန်ကြား ဆွေးနွေးပွဲတွေ ပြန်စမယ်လို့လည်း အမေရိကန် သံတမန် Khalilzad က ပြောပါတယ်။

အာဖဂန် စစ်ရပ်စဲရေး အလားအလာကောင်း
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG