သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖကန်နစ္စတန် ငြိမ်းချမ်းရေး ပါကစ္စတန် ကူညီရေး နှစ်နိုင်ငံ ဆွေးနွေး


 အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan (ဇွန်၊ ၂၇၊ ၂၀၁၉)
အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan (ဇွန်၊ ၂၇၊ ၂၀၁၉)

တာလီဘန်သူပုန်တွေက အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်လာအောင် စည်းရုံးသိမ်းသွင်းရေးမှာ အိမ်နီးချင်းနိုင်ငံရဲ့ ကူညီပံ့ပိုးမှုကို ရနိုင်ဖို့အတွက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani ဟာ ပါကစ္စတန်နိုင်ငံကို ၂ရက်ကြာ တရားဝင်ခရီး သွားရောက်ခဲ့ပြီး သောကြာနေ့က သူ့ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

သမ္မတ Ghani ဦးဆောင်တဲ့အဖွဲ့နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့အဖွဲ့တို့ဟာ Islamabad မြို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကြား တင်းမာတဲ့ ဆက်ဆံရေးကို ပြေလည်နိုင်ဖို့နဲ့ အာဖဂန် နိုင်ငံတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက တဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိနိုင်ဖို့ ပါကစ္စတန်-အာဖဂန်ကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပါကစ္စတန်နဲ့ တာလီဘန်တို့ကြား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အနေအထားရှိတာကြောင့် ပါကစ္စတန်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိကြောင်း၊ ဒီအချက်ကို အသိမှတ်ပြုပြီး ပဋိပက္ခအခြေအနေကနေ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာအောင် အစီအစဉ်တကျ လုပ်ဆောင်သွားဖို့လိုကြောင်း အာဖဂန်သမ္မတက Islamabad မှာ ပြောပါတယ်။

Ghani ရဲ့ အခုလို ပြောကြားချက်ကိုကြည့်ရင် အာဖဂန်ရဲ့ ပါကစ္စတန်အပေါ် ရပ်တည်ချက်ဟာ သိသိသာသာ ပြောင်းလဲသွားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အရင်တုန်းကတော့ အာဖဂန်နိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် တာလီဘန်တွေကို ပါကစ္စတန်က နောက်ကွယ်ကနေ မြှောက်ပေးနေတယ်လို့ အာဖဂန်ဘက်က စွပ်စွဲလေ့ရှိပြီး ဒါကိုတော့ ပါကစ္စတန်က ပယ်ချလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG