သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် နဲ့ အာဖဂန် ခေါင်းဆောင် ၂ ဦး တွေ့ဆုံ


ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ အာဖဂန်သမ္မတ Ashraf Ghani 

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ အာဖဂန်သမ္မတ Ashraf Ghani တို့ သောကြာနေ့မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အစ္စလာမ်မစ်နိုင်ငံများ ထိပ်သီးညီလာခံ တက်ရောက်ရင်း ညီလာခံပြင်ပမှာ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဒီလို ထိပ်တန်းခေါင်းဆောင် ၂ ယောက် တွေ့ဆုံတာကို ကြည့်ခြင်းဖြင့် ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့နည်းလာဖွယ် ရှိနေပါတယ်။ အာဖဂန်သမ္မတ Ghani နောက်လမှာ ပါကစ္စတန်နိုင်ငံ မြို့တော် Islamabad ကို မသွားရောက်ခင် အကြိုအနေနဲ့ ခေါင်းဆောင်၂ ယောက် ဆော်ဒီနိုင်ငံ Makkah မြို့မှာ တွေ့ဆုံကြတာ ဖြစ်ကြောင်း အာဖဂန်သမ္မတရုံး ပြောခွင့်ရက ဆိုပါတယ်။

အာဖဂန်ခေါင်းဆောင်က ပါကစ္စတန်ကို အရင်တုန်းက သွားခဲ့ဖူးပေမယ့် Khan ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရာထူးတက်ပြီးမှ သွားတာ ဒါပထမဆုံးအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။ စွမ်းအင်၊ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဖက်စပ်လုပ်ကိုင်မှု စတဲ့ ကဏ္ဍတွေမှာ ၂ နိုင်ငံ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တို့က သဘောတူခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းတည်ငြိမ်တဲ့ အာဖဂန်နိုင်ငံ ဖော်ဆောင်ရေးမှာ ပါကစ္စတန်နိုင်ငံက ထောက်ပံ့မယ့်အကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ထပ်မံကတိပေးလိုက်ပါတယ်။

ပါကစ္စတန် နဲ့ အာဖဂန် ခေါင်းဆောင် ၂ ဦး တွေ့ဆုံ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG