သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အတွက် လုံခြုံရေး အထောက်အပံ့ ကန်ဆိုင်းငံ့


ပါကစ္စတန်စစ်တပ်
ပါကစ္စတန်စစ်တပ်

အာဖဂန်တာလီဘန်တွေနဲ့ Haqqani အကြမ်းဖက်ကွန်ယက် အဖွဲ့တွေနှိမ်နင်းရေး နဲ့ ပတ်သက်ပြီး ပါကစ္စတန်ဘက်က ပြတ်ပြတ်သားသား မလုပ်မချင်း အမေရိကန်ပြည်ထောင်စုက ပါကစ္စတန် စစ်တပ်အတွက် လုံခြုံရေး အကူညီပေးမှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က ကြာသပတေးနေ့မှာ အကူညီပေးမှု ဆိုင်းငံ့ကြောင်း အခုလို ကြေညာလိုက်ပြီး ဒီအဖွဲ့တွေဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေသလို အမေရိကန်စစ်တပ် တာဝန်ရှိသူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အမေရိကန်က သတ်မှတ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါပေမယ့် ထောက်ပံ့ငွေပမာဏ ဘယ်လောက်နဲ့ ဘယ်လို အကူညီမျိုးကို ဆိုင်းငံ့ကြောင်း အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူူး။

သမ္မတ Donald Trump ရဲ့ နှစ်သစ်ကူးနေ့ တွစ်တာ ပြောကြားချက်တွေ နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ဘာလုပ်မယ် ဆိုတာကို ခန့်မှန်းပြောဆိုနေကြ သလို ပါကစ္စတန်မှာ မရေရာမှုတွေနဲ့ ကြောင့်ကျမှုတွေ တိုးလာနေတာပါ။

သမ္မတ Trump က ပါကစ္စတန်ဟာ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့် ပေးထားသလို အမေရိကန် ခေါင်းဆောင်တွေကို အရူးလုပ်နေတယ်လို့ စွပ်စွဲပြီး ပါကစ္စတန်ကို ပေးအပ်နေတဲ့ ကူညီထောက်ပံ့ငွေတွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေတာပါ။

သမ္မတရဲ့ ပြောကြားချက်တွေ အတွက် ပါကစ္စတန်က ရှုံ့ချပြစ်တင်လိုက်ပြီး အာဖဂန်နစ္စတန် တည်ငြိမ်အောင်နဲ့ အကြမ်းဖက်ဝါဒ ချေမှုန်းရေးကို အမေရိကန်နဲ့ အတူ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ သူတို့ကတိကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန် နစ္စတန် နိုင်ငံရဲ့ မအောင်မြင်မှုအတွက် သူတို့ နိုင်ငံကို အမေရိကန်က အပစ်တင်နေတယ်လို့ လည်း ပါကစ္စတန် ခေါင်းဆောင်တွေက အခိုင်အမာ ပြောနေကြတာပါ။

ပါကစ္စတန်အတွက် လုံခြုံရေး အထောက်အပံ့ ကန်ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG