သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်- ပါကစ္စတန် နှစ်သစ်မှာ ပူးပေါင်းဆောင်ရွက်မည်


အာဖဂန်- ပါကစ္စတန် နယ်မြေထိစပ်မှု
အာဖဂန်- ပါကစ္စတန် နယ်မြေထိစပ်မှု

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အပြန် အလှန် မယုံကြည်မှုတွေ၊ သံသယတွေနဲ့ ဖိစီးခဲ့တာကြောင့် လာမယ့်နှစ်တွေမှာ ဒေ သတွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါကစ္စတန် စစ်တပ်အကြီးအကဲသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး Qamar Jave Bajwa ကနေ မနေ့ စနေနေ့က ကတိပေး ပြောကြားလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani အပါအဝင် အစိုးရအကြီး အကဲဖြစ်တဲ့ Abdullah Abdullah နဲ့ အာဖဂန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Qadam Shah Raheem တို့ကို ပါကစ္စတန် ဗိုလ်ချုပ်ကြီး Bajwa က ၂၀၁၇ နှစ်သစ်ကူးနှုတ် ခွန်းဆက်အဖြစ် တယ်လီဖုန်းဆက်သွယ်ပြီး နှစ်နိုင်ငံ လက်တွဲအလုပ်လုပ်ဖို့ ကတိပေးပြောကြားခဲ့တာဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်ရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ဗိုလ်ချုပ် Bajwa ကို အာဖဂန်နစ္စတန် အလည်လာဖို့အာဖဂန် ခေါင်းေ ဆာင်တွေ ဘက်ကလည်းဖိတ်ကြားခဲ့ပေမယ့် ရက်ပိုင်းအတိအကျနဲ့ အကြောင်းအရာ အသေးစိတ်ကို သတင်းထုန်ပြန်ချက်မှာ ဖေါ်ပြထားခြင်းမရှိပါဘူး။

အာဖဂန်နိုင်ငံထဲက တာလီဘန်သူပုန်တွေကို ပါကစ္စတန် စစ်တပ်က ထောက်ပံ့ ေ ပးနေတယ်ဆိုပြီး အာဖဂန်အစိုးရက စွပ်စွဲထားပေမဲ့ ပါကစ္စတန်အစိုးရဘက်က ဒီစွပ်စွဲချက်ကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG