သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ ဘိန်းစိုက်မှု တိုးလာ


အာဖဂန်နစ္စတန် ဘိန်းစိုက်မှု
အာဖဂန်နစ္စတန် ဘိန်းစိုက်မှု

အာဖဂန်နစ္စတန် နိုင်ငံမှာ ဘိန်းစိမ်းစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်း တိုးလာ သလို နိုင်ငံတဝှမ်း မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ဆောင်နိုင်မှု လည်း ၉၁ ရာခိုင်နှုန်း လျော့ သွားခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ အာဖဂန်နစ္စတန်အစိုးရတို့က တနင်္ဂနွေနေ့မှာပဲ ပူးတွဲ သတင်းထုတ်ပြန်လိုက် ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း ဘိန်းစိမ်းစိုက်ပျိုးဧက ၅ သိန်းနီးပါး (၄၉၆, ၆၈၁ ဧက) ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ၂၀၁၅ ခုနှစ်က ဧကပေါင်း ၄ သိန်းခွဲကျော်ရှိတာမို့ ဒါဟာ ၁၀ % တိုးလာတာ ဖြစ်ကြောင်း တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေဟာ အလွန်ဆင်းရဲပြီး ငွေကြေးကျပ်တည်းကြသလို အဲဒီဒေသမှာ သွားလာရေး အဆင်မပြေပဲ လုံခြုံရေးကလည်း မကောင်းတဲ့အတွက် ဘိန်းပပျောက်ရေး လုပ်ငန်းကို မလုပ်နိုင်ခဲ့ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

ခြုံကြည့်ရင် အာဖဂန်နစ္စတန်ရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုက ၄၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး မနှစ်က တန်ချိန် ၃၃၀၀ ထွက်ရာကနေ ဒီနှစ်မှာ တန်ချိန် ၄၈၀၀ အထိ တိုးလာခဲ့တယ်လို့ အာဖဂန်နစ္စတန် အစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဝန်ကြီး Salamat Azimi က Kabul မှာ ကျင်းပတဲ့ ကုလသမဂ္ဂနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေသတွင်း လုံခြုံရေး ဆိုးဝါးနေတဲ့အတွက် ဘိန်းစိုက်ပျိုးရေး သိသိသာသာ တိုးလာတာဟာ သိပ်စိတ်ပျက်ဖို့ ကောင်းကြောင်း အာဖဂန်နစ္စတန် က (UNODC) ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး အကြီးအကဲ Andrey Avetisyan ကပြောကြားခဲ့ပြီးအာဖဂန်နစ္စတန် မှာ ရှိတဲ့ ခရိုင်ပေါင်း ၃၄ ခုမှာ ၁၃ ခရိုင်က ဘိန်းပင်မရှိတဲ့ ခရိုင်တွေ အဖြစ် ရှိနေတယ်လို့ ပြောပါတယ်။

အာဖဂန်အစိုးရနဲ့ ၂၀၀၁ ခုနှစ်ကစပြီး စစ်ပွဲဆင်နွှဲခဲ့တဲ့ တာလီဘန်တွေနဲ့ ဘိန်းစိုက်ပျိုးမှုဟာ သိသိသာသာ ဆက်စပ်နေသလို အထူးသဖြင့် သူတို့ ထိမ်းချုပ်တဲ့ ဒေသတွေမှာ ဘိန်းစိမ်း ဖြန့်ဖြူး ရောင်းဝယ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်ကပဲ အာဖဂန် မြောက်ပိုင်းမှာ လုံခြုံရေး တပ်တွေကို တိုးမြှင့် တိုက်ခိုက်လာခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်း အာဖဂန်နစ္စတန် နိုင်ငံမှာ မူးယစ် ဆေးဝါး နှိမ်နင်းရေးအတွက် ဒေါ်လာ သန်း ထောင်နဲ့ ချီသုံးစွဲခဲ့ပြီး ဘိန်းအစားထိုး သီးနှံအဖြစ် ငွေရလွယ်တဲ့ ဂျုံ၊ ၊ သစ်သီးတွေနဲ့ saffron တွေကို အစားထိုး စိုက်ပျိုးဖို့ အားပေးခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်မှာ ဘိန်းစိုက်မှု တိုးလာ
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG