သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မူးယစ်ဆေး တိုက်ဖျက်ရေး အကဲစမ်းမှုတွေ ရင်ဆိုင်နေရဆဲ


မီးရှို့ဖျက်ဆီးရန် ပြင်ဆင်ထားသည့် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ။ ဇွန် ၂၆၊ ၂၀၁၆။ (EPA/NYEIN CHAN NAING)
မီးရှို့ဖျက်ဆီးရန် ပြင်ဆင်ထားသည့် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ။ ဇွန် ၂၆၊ ၂၀၁၆။ (EPA/NYEIN CHAN NAING)

မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်ဖို့ မြန်မာ အစိုးရသစ်က စတင်ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတိုးလာတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းဒေသ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အဓိက အတားအဆီး တခုဖြစ်နေသလို နိုင်ငံရဲ့ စီးပွားရေး မူဝါဒကြောင့်လည်း မူးယစ်ကုန်ကူးမှုတွေကို ရှာဖွေ ဖမ်းဆီးမှုတွေမှာ အားနည်းလာရတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒတွေ ပြင်ဆင်ဖို့ မြန်မာ အစိုးရနဲ့ ကုလ သမဂ္ဂ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ UNODC တို့ ပူးပေါင်းပြီး စတင်ဆောင်ရွက် နေကြ ပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ UNODC ဘက်ကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားဆီးရုံတင် မဟုတ်ဘဲ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို လျှော့ချနိုင်ပါ လုပ်ဆောင်ဖို့ မြန်မာ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်။ မူဝါဒတွေ ပြင်ဆင်ရေး အတွက် စတင် လေ့လာ သုံးသပ်နေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“ခုလောလောဆယ် မူးယစ်ဆေးဝါး မူဝါဒတွေကို ပြန်ပြီးတော့ လေ့လာ သုံးသပ်ပြီးတော့ မူးယစ်ဆေးဝါး မူဝါဒတွေ ပြင်ဆင်ဖို့ ပေါ့နော်။ အဲဒါကို ကျွန်တော် တို့ စလုပ်နေတာပါ ။ Government နဲ့ UNODC ဆွဲထားတဲ့ program အောက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုတာ တစ်ခုတည်းနဲ့ မရဘူး။ အခြား သုံးစွဲမှု လျှော့ချရေး ကဏ္ဍတွေ၊ ဖွံ့ဖြိုးရေး ကဏ္ဍတွေ၊ ပြည်သူ့ ကျန်းမာရေး ကဏ္ဍတွေ၊ ဒီ ကဏ္ဍတွေနဲ့ ပေါင်းစပ် ဆောင်ရွက်သင့်တယ် ဆိုတာ တွေ ဒါတွေ။ Supply ကို control လုပ်တာ တစ်ခုတည်းနဲ့ မရဘူး။ ကျွန်တော်တို့ Demand ကိုလည်း control လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုး။”

ကုလသမဂ္ဂရဲ့ ၂၀၁၆ ခုနှစ် အတွင်း ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာကိုလည်း ကုလ တာဝန်ရှိသူတွေ နေပြည်တော်မှာ တနလာၤနေ့က ရှင်းလင်းခဲ့ကြပါတယ်။ မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေဟာ မက်သာဖက်တမင်း ဆေးပြား ထုတ်လုပ်သုံးစွဲမှု တိုးလာပြီး မူးယစ်ဆေးစွဲ တာကြောင့် ကုသရသူတွေလည်း တိုးလာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုကလည်း ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်းမှာ ၄ ဆ တိုးလာခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း မြန်မာပါဝင်တဲ့ ရွှေတြိဂံ ဒေသမှာ ဘိန်း စိုက်ပျိုးမှုက သုံးဆ မြင့်တက် လာခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုရော၊ ဖမ်းဆီးရမိမှုရော တိုးလာတယ်လို့ မြန်မာ အစိုးရဘက် က ပြောပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ မှာတော့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အတားအဆီး ဖြစ်ရတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“အဲတော့ အရင်းအမြစ်တွေက ဘယ်မှာ အများဆုံး ပေါင်းစပ် ဆောင်ရွက်နေလဲ ဆိုရင် Armed conflicts တွေရှိနေတဲ့ Armed groups တွေရှိနေတဲ့ ဧရိယာထဲမှာ သူတို့က သွားပြီးတော့ Production site တွေက သွားပြီတော့ ရှိနေတယ်။ နောက်တစ်ခုက ဒီလို Production တွေ ဖြစ်ဖို့ Investment လုပ်တဲ့ နေရာမှာ Organized crime တွေ ဖြစ်တယ်။ ဒီလို Organized crime တွေကို ဖော်ထုတ်တဲ့ နေရာမှာ အဲဒီ Armed conflicts နေရာတွေမှာ ဖြစ်တဲ့ အတွက် အရင်းအမြစ်တွေကို ဖော်ထုတ်တဲ့ နေရာမှာ Armed conflicts area နဲ့ Armed conflicts ဆက်စပ်မှုရှိတယ်။ ဒီ Conflict နဲ့ပက်သက်လို့ Conflict နေရာတွေကို ကျွန်တော်တို့ Law and enforcement မရောက်နိုင်ဘူး။ မရောက်နိုင်တော့ ဒီမှာ ဖြစ်တဲ့ အရင်းအမြစ်တွေ ဖြိုခွဲဖို့ပေါ့။ အရင်းအမြစ်ရှိတဲ့ နေရာတွေကို သွားပြီးတော့ စုံစမ်းထောက်လှမ်းဖို့။ ပြီးတော့ ဒီဟာတွေကို အရေးယူဖို့ ကိစ္စတွေမှာ ကျွန်တော်တို့ အခက်အခဲ ရှိတယ်။ ဒါကတော့ တားဆီးနှိမ်နှင်းရေး ဘက်မှာ ရှိတဲ့ အခက်အခဲတွေပါ။ နောက်တစ်ခုက ဘာလဲ ဆိုတော့ မူးယစ်ဆေးဝါးနဲ့ Trade ကုန်သွယ်ရေး ဆက်နွယ်မှုပေါ့။ Trade တွေကို ကျွန်တော်တို့ Trade development နဲ့ Trade policy တွေအရ နိုင်ငံတော်ရဲ့ Economic ကို Growth ဖြစ်ဖို့ အချို့ Trade policy မှာ Restriction တွေကို release လုပ်ရတာတွေ ရှိပါတယ်။ Restriction တွေကို Release လုပ်လာတာနဲ့ အမျှ ဘယ်မှာ အားနည်းလာလဲ ဆိုတော့ ကျွန်တော်တို့ Inspection မှာ အားနည်းလာတာပေါ့။ Inspection မှာ အားနည်းလာတာ ဖြစ်တဲ့ အတွက် ဒီမူးယစ်ဆေးဝါး Drug trafficking မှ မဟုတ်ပါဘူး။ Illegal trafficking ပေါ့။ Illicit trafficking တွေ အားလုံးမှာ အဲဒီ ဂိုဏ်းတွေက ပိုပြီးတော့ Advantage ရတာပေါ့။ ဒီ Trade တွေရဲ့ ပေါ်လစီတွေ soft ဖြစ်လာမှုအပေါ်မှာ သူတို့ ပိုပြီးတော့ Advantage ရလာတာပေါ့။ ဒီအတွက် စိန်ခေါ်မှုတွေက စစ်ဆေးတဲ့ ဟာတွေမှာ နဲ့ trade ပက်သက်လို့ ဖြစ်လာတယ်။ ”

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အပြင် နိုင်ငံရဲ့ စီးပွားရေး မူဝါဒကြောင့် လည်း မူးယစ်ကုန်ကူးမှုတွေ၊ တရားမဝင် ကုန်သွယ်မှုတွေကို စိစစ်တာမှာ လစ်ဟာမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ အခြေစိုက်တာကြောင့် ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီး ရမိမှုတွေရဲ့ အဓိက လက်သည် တရားခံတွေကို မဖော်ထုတ်နိုင်တာ လို့လည်း ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ကမ္ဘာမှာ ဒုတိယ အများဆုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ မြန်မာပါဝင်တဲ့ ရွှေတြိဂံဘိန်းစိုက်ဒေသမှာ ခန့်မှန်းခြေ ဘိန်းခင်း ဧကပေါင်း ၁ သိန်းခွဲကျော် ရှိနေပြီး တကမ္ဘာလုံးမှာ ရှိတဲ့ ဘိန်းစိုက်ခင်းတွေရဲ့ ၂၂ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

မြန်မာ မူးယစ်ဆေး တိုက်ဖျက်ရေး အကဲစမ်းမှုတွေ ရင်ဆိုင်နေရဆဲ
please wait

No media source currently available

0:00 0:04:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG