သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် ဖွံဖြိုးရေးစီမံကိန်း အောင်မြင်မှုမရှိ


အမေရိကန်အစိုးရ လုပ်ငန်းများ စောင့်ကြည့်ရေး အေဂျင်စီ

အာဖဂန်နစ္စတန်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ကန်က ထောက်ပံ့ပေး မှုတွေထဲ က အစီအစဉ်ပေါင်း ၂ ဒါဇင်ကျော်လောက်ဟာ ဒေါ်လာ ၂.၃ ဘီလီယံ ကုန်ကျခဲ့ပေ မယ့်လည်း အောင်မြင်ခြင်း မရှိခဲ့ဘူးလို့ အမေရိကန်အစိုးရ လုပ်ငန်းများ စောင့်ကြ ည့်ရေး အေဂျင်စီက ပြောပါတယ်။

စစ်ပွဲဒဏ်တွေခံခဲ့ရတဲ့ အာဖဂန်နိုင်ငံ ပြည်လည်တည်ဆောက်ရေးအတွက် ရည်ရွယ် ပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာသော အမေရိကန် အခွန်ပေးဆောင် သူတွေ ရဲ့ ငွေတွေကို အစိုးရအနေနဲ့ မှန်မှန်ကန်ကန် သုံးစွဲခဲ့ခြင်း ရှိမရှိဆိုတာကိုစောင့် ကြည့်ရတဲ့ SIGAR အဖွဲ့က သူတို့ရဲ့ တွေ့ရှိချက်တွေကို စနေနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းပေး ခဲ့တဲ့ MISTI ရဲ့ အာဖဂန်နိုင်ငံ တည်ငြိမ်မှုရှိရေး စီမံကိန်းတွေရဲ့ အကျိုးသက်ရောက် မှုကို သုံးသပ်တဲ့ စီမံကိန်းတွေကို ဦးတည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်အစိုးရ ထိန်းချုပ်မှုရှိတဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သမားတွေက ထိုးနှစ်တိုက်ခိုက်ခံခဲ့ရတဲ့ တချိန်ထဲမှာပဲ USAID အနေနဲ့ တည်ငြိမ်ရေး နဲ့ဆိုင်တဲ့ လုပ်ငန်း စီမံကိန်းတွေ အကောင်အထည်ဖော်ရေးအတွက် အကွက်ကျတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း SIGAR ရဲ့ အစီရင်ခံစာထဲ မှာ ဖော်ပြထား ပါတယ်။

တိကျတဲ့ Data အချက်အလက်တွေ မရရှိတဲ့အတွက် USAID အဖွဲ့က လုပ်ဆောင်ခဲ့ တဲ့ တည်ငြိမ်ရေးဆိုင်ရာ စီမံကိန်း ဘယ်နေရာမှာ တည်ရှိတယ်ဆိုတာကို အတိအ ကျ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ MISTI လေ့လာခဲ့တဲ့ ကန်ထရိုက် ကုမ္ပဏီက ပြော ပါတယ်။

XS
SM
MD
LG