သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kabul တိုက်ခိုက်မှုကြောင့် အမေရိကန် ၂ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့မှာရှိတဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ အခြေစိုက် စခန်းအနီးမှာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှု ဖြစ်သွားခဲ့တာမှာ အမေရိကန်တပ်ဖွဲ့ဝင်တဦးနဲ့ အမေရိကန်အရပ်သားတဦး သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် တခြား မေရိကန်တပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သား ၂ ဦးလည်း ထိခိုက် ဒဏ်ရာရသွားကြောင်း၊ ဒဏ်ရာရသူတွေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိကြောင်း တရားထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အာဖဂန်စစ်တပ်ဝတ်စုံ ဝင်ဆင်ထားတဲ့ သေနတ်သမားကိုတော့ နိုင်ငံတကာ တပ်ဖွဲ့တွေက ပြန်လည် ပစ်ခတ်တာမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံး၊ ထိခိုက် ဒဏ်ရာရသူတွေဟာ အာဖဂန်လုံခြုံရေး အဖွဲ့ဝင်တွေကို နေတိုးတပ်ဖွဲ့ကိုယ်စား သင်တန်းပို့ချတာ၊ အကြံဉာဏ်နဲ့ အကူအညီပေးတာတွေ လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားလိုက်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Kabul မြို့မှာရှိတဲ့ အာဖဂန်အမျိုးသားတပ်ဖွဲ့ စခန်းရှိရာကို သွားရောက် လေ့လာနေတဲ့အချိန် နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Dawlat Waziri က ဗွီအိုအေကို အစောပိုင်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG