သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မြို့တော် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး


အာဖဂန်မြို့တော် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး။ (ဇွန် ၃၀၊ ၂၀၁၆)
အာဖဂန်မြို့တော် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး။ (ဇွန် ၃၀၊ ၂၀၁၆)

အာဖဂနစ္စတန် နိုင်ငံ ကဘူလ်းမြို့တော်တွင်း ဒီကနေ့ ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့ ယာဉ်တန်းကို တာလီဘန်တို့ အသေခံ ကားဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လုံခြုံရေး တပ်သား ၃၀ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရပါတယ်။ ရဲတပ်ဖွဲ့ဝင် သင်တန်းသားတွေနဲ့ သင်တန်းဆရာတွေကို တင်ဆောင်လာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတာပါ။

ပေါက်ကွဲမှုတွေ ရှေ့ဆင့် နောက်ဆင့် ဖြစ်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက အတည်ပြုပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သယ်ဆောင် သွားတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။ အာဖဂန် သမ္မတ Ashraf Ghani က အကြမ်းဖက်တိုက်ခိုက်မှုကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တခု အဖြစ် ရှုတ်ချပါတယ်။

ရဲသင်တန်းသားတွေကို အခုလို ပို့ဆောင်ဖို့ ဆုံးဖြတ် လုပ်ဆောင်ခဲ့မှုကို စုံစမ်းစစ်ဆေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို အာဖဂန် သမ္မတက ညွှန်ကြားလိုက်ပြီး ပျက်ကွက်မှုတွေ ရှိရင် အရေးယူမယ်လို့လည်း ကတိပြုလိုက်ပါတယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရသူတွေဟာ ရာမာဒန် ဥပုသ်လ အပြီးသတ် Eid ပွဲတော် ဆင်နွှဲဖို့ အတွက် နိုင်ငံအလယ်ပိုင်း Maidan Wardak ပြည်နယ်ကနေ ကဘူးလ်မြို့တော်ကို ဘတ်စ်ကားတွေနဲ့ ခရီးထွက်လာကြတာ ဖြစ်ပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ တာလီဘန် အဖွဲ့က ပြောပါတယ်။ အသေခံ ဗုံးခွဲသမား တဦးက ဖောက်ခွဲရေး ပစ္စည်းတွေတင်ထားတဲ့ ကားနဲ့ ယာဉ်တန်း အတွင်းကို ဝင်တိုက်လိုက်တာလို့ တာလီဘန် ပြောခွင့်ရ Zabihullah Mujahid က သတင်းထောက်ထံကို ပေးပို့တဲ့ ကြေညာချက်ထဲမှာ ပြောဆိုပါတယ်။

ပေါက်ကွဲတဲ့ နေရာတဝိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေ စုစည်းရောက်ရှိနေချိန်မှာ နောက်ထပ် ဒုတိယမြောက် ဗုံးခွဲသမားက ဝင်တိုက်တာလို့လည်း တာလီဘန် ပြောခွင့်ရက ထပ်ပြောပါတယ်။ တိုက်ခိုက်မှု အတွင်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တုန်းကလည်း ကဘူးလ်မြို့တော်က ကနေဒါသံရုံးမှာ အလုပ်လုပ်နေတဲ့ နီပေါလ် လုံခြုံရေး အစောင့်တွေ အများစု လိုက်ပါလာတဲ့ ဘတ်စ်ကား တစင်းကို တာလီဘန် အသေခံဗုံးခွဲသမား တဦးက တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၄ ဦးထဲမှာ အများစုက နီပေါလ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG