သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့တော်က ရုရှားသံရုံးနားမှာ အသေခံကားဗုံးပေါက်ကွဲတခု ဖြစ်ပွားခဲ့တာကြောင့် ၇ ဦးထက်မနဲ သေဆုံးခဲ့ရတယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

ပုဂ္ဂလိက အာဖဂန်ရုပ်သံလိုင်းတခုက ထုတ်လုပ်ရေးဝန်ထမ်းတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားအသေးစားတစီးကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး Tolo ရုပ်သံက ဝန်ထမ်းအများအပြား သေဆုံးတဲ့တည်း ပါနေတယ်လို့ ရဲက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာလို့ တာလီဘန်တွေက ကြေညာခဲ့ပြီး သူတို့ဟာ တိုလိုရုပ်သံလိုင်းက ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အတည်ပြုပြောကြားပါတယ်။

ဗွီအိုအေအပါအဝင် သတင်းဌာနတွေကို သူတို့ပေးပို့တဲ့ ကြေညာချက်ထဲမှာ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က ဒီရုပ်သံလိုင်းဟာ အစ္စလာမ်ဆန့်ကျင်ရေး၊ အာဖဂန်ဆန့်ကျင်ရေးနဲ့ တာလီဘန်ဆန့်ကျင်ရေးတွေကို အသံလွှင့်နေတယ်လို့ စွပ်စွဲပြီး တခြား အာဖဂန် သတင်းဌာနတွေ ကိုလည်း ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုကနေ သင်ခန်းစာယူဖို့ သတိပေးထားပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားရာနေရာနားက ရုရှားသံရုံးဝန်ထမ်းတွေထဲမှာ ထိခိုက်ဒဏ်ရာရသူတော့ တယောက်မှ မရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ အာဖဂန်က NATO တပ်ဖွဲ့ကို ပံ့ပိုးထောက်ခံတဲ့ အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

XS
SM
MD
LG