သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရှိ အမေရိကန်တက္ကသိုလ်ကို စစ်သွေးကြွတွေ တိုက်ခိုက်


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့မှာရှိတဲ့ American တက္ကသိုလ်ကို အကြမ်းဖက်သမားတွေက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူတဦး သေဆုံးပြီး၊ ၂၅ ဦး ထိခိုက် ဒဏ်ရာရသွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ပါမောက္ခတဦးနဲ့ အမျိုးသမီး ကျောင်းသူ ၂ ဦးတို့ ပါဝင်တယ်လို့ အာဖဂန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wahed Majroh က ဗွီအိုအေကို ပြောပါတယ်။ သေဆုံးနဲ့ သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဒီတိုက်ခိုက်မှုကို ပေါက်ကွဲမှုနဲ့ စတင်လိုက်တာဖြစ်ပြီး အခုချိန်ထိ တက္ကသိုလ်ဝင်းအတွင်းမှာ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ ပိတ်မိနေတုန်းပဲလို့ ယူဆနေကြပါတယ်။

တိုက်ခိုက်မှုကို ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ စတင်လိုက်တာဖြစ်ပြီး တိုက်ခိုက်မှုကို တုန့်ပြန်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တနာရီကြာလောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ဘယ်နှစ်ဦး ပါဝင်တယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ ခက်ခဲ ရှုပ်ထွေးစွာ စီစဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

တက္ကသိုလ်ဝင်းအတွင်းမှာ ရှိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက ကြိုးစားနေကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Sediq Seddiqi ကလည်း ဗွီအိုအေကို ပြောပါတယ်။ အာဖဂန် အထူးတပ်ဖွဲ့တွေက တက္ကသိုလ်ဝင်းကို ဝိုင်းရံထားတယ်လို့ ဆိုပါတယ်။

အခုလို American တက္ကသိုလ်ကို အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကာ အမေရိကန် တက္ကသိုလ်တခုကို အခုလို တိုက်ခိုက်ခြင်းဟာ အာဖရန်ရဲ့ အနာဂတ်ကို ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Elizabeth Trudeau က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။

ဒါ့အပြင် အဲဒီအခင်းဖြစ်ပွားရာ ဒေသတဝိုက်ကို အမေရိကန်နိုင်ငံသားတွေ မသွားရောက်ဖို့နဲ့ အာဖဂန်နစ္စတန်ကို ခရီးသွား သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

အာဖဂန်ရှိ အမေရိကန်တက္ကသိုလ်ကို စစ်သွေးကြွတွေ တိုက်ခိုက်
please wait

No media source currently available

0:00 0:00:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG