သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kabul မှာ အသေခံဗုံးကြောင့် လူ၂၄ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မှာ ပေါက်ကွဲမှုဖြစ်
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မှာ ပေါက်ကွဲမှုဖြစ်

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မှာ တနင်္လာနေ့နှောင်းပိုင်း တတိယအကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပါတယ်။ တနင်္လာနေ့ အစောပိုင်းတုန်းက ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ အသေခံဗုံးခွဲသမားက ဖောက်ခွဲမှု ပြုလုပ်ခဲ့တဲ့အတွက် အနဲဆုံး လူ ၃၀ သေဆုံးပြီး ၉၀ လောက် ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး နာရီ အနည်းငယ်အကြာမှာ ပေါက်ကွဲမှု ထပ်မံ ဖြစ်ခဲ့တာပါ။

ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနောက်မှာ သေနတ်ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ အတည်းများတဲ့ ဟိုတယ်ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။ အာဖဂန်အထူးတပ်ဖွဲ့တွေ ချက်ခြင်းရောက်လာပြီး အဆောက်အဦးထဲကို ဝင်ဖို့ ကြိုးစားတဲ့ သေနတ်သမား ၂ ဦးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်မလာသေးသလို ဒီတိုက်ခိုက်မှုကို ဘယ်သူပြုလုပ်တယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုသူလည်း မရှိသေးပါဘူး။

အစောပိုင်း နာရီအတန်ကြာတုန်းကတော့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ ခပ်စောစောက ဖြစ်သွားတဲ့ ပေါက်ကွဲမှု အသေးလေးကို လူတွေ ဝိုင်းကြည့်နေကြတဲ့အချိန် အသေခံဗုံးခွဲသမားက နောက်ထပ် ဖောက်ခွဲမှုတခု ပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG