သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကူအညီနဲ့ ပါကစ္စတန် နျူကလီးယားဓါတ်အားပေးစက်ရုံ ဖွင့်လှစ်


ပါကစ္စတန် နျူကလီးယားဓါတ်အားပေးစက်ရုံ
ပါကစ္စတန် နျူကလီးယားဓါတ်အားပေးစက်ရုံ

ပါကစ္စတန်နိုင်ငံအတွက် တရုတ်အကူအညီနဲ့ တည်ဆောက်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံသစ်ကို ဝန်ကြီးချုပ် Nawaz Sharif က ဖွင့်ပေးလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ဘ်ပြည်နယ်၊ Chashma မြို့က ဓာတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓာတ်အား မက်ဂါဝပ် ၃၄၀ ထုတ်ပေး နိုင်မှာပါ။ စုစုပေါင်း ဓာတ်အားထုတ်နိုင်စွမ်း ၆၀၀ မက်ဂါဝပ်ရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံနှစ်ခုကိုလည်း တရုတ်နိုင်ငံက တည်ဆောက်ပေးထားပြီးပါပြီ။

Chashma မြို့က ဓာတ်အားပေးစက်ရုံသုံးလုံးကို C-1 C-2 နဲ့ C-3 လို့ အသီးသီး နာမည်ပေးထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ပြဿနာ ကာလရှည်ကြာ ဆိုးရွားလာနေတာကို ဖြေရှင်းရေး ကျယ်ပြန့််တဲ့အစီအစဉ်ထဲမှာ ဒီစက်ရုံတွေပါဝင်ပါတယ်။

မက်ဂါဝပ် ၃၄၀ ထုတ်နိုင်မယ့် နောက်ထပ် နျူကလီးယား ဓာတ်အားပေးစက်ရုံ C-4 ကိုလည်း Chashma မှာ တည်ဆောက်နေပါ တယ်၊ ဘုရားသခင် အလိုတော်အရ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဒီစက်ရုံ စလည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ပါမယ်လို့ ဒီကနေ့ကျင်းပတဲ့ အခမ်းအနားအတွင်း ဝန်ကြီးချုပ် Sharif က ပြောသွားပါတယ်။ ပါကစ္စတန်နိုင်ငံံမှာ နျူကလီးယား ဓာတ်အား ပေးစက်ရုံတွေအပါအဝင် လက်ရှိထုတ်နေတဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းက ၁၆၀၀၀ မက်ဂါဝပ် ပတ်ဝန်းကျင်ရှိပါတယ်။ အဓိကအားဖြင့် တရုတ်ရန်ပုံငွေနဲ့ တည်ဆောက်နေတဲ့ ကျောက်မီးသွေး၊ သဘာ၀ ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ၆၀% လောက် တိုးထုတ်ဖို့ ပါကစ္စတန်အစိုးရက စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG