သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှု ထပ်လုပ်လာနိုင်


စက်တင်ဘာ ၉ ရက်နေ့က မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှု

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နောက်ထပ် နျူကလီးယား စမ်းသပ်မှုတခု အချိန်မရွေးထပ် လုပ်လာနိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာနက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။

မစ်ဇိုင်းဒုံးကျည်ထိပ်မှာ တပ်ဆင်နိုင်မယ့် နျူကလီးယားထိပ်ဖူး ထုတ်လုပ်နိုင်ဖို့ အတွက် စမ်းသပ်မှုတွေကို မြောက်ကိုရီးယားနိုင်ငံ အရင်ကလုပ်ခဲ့တဲ့ Punggy-ri နျူကလီးယား စမ်းသပ်တဲ့နေရာက အသုံးမပြုတော့တဲ့ ဥမင်လှိုဏ်ခေါင်းထဲမှာ နောက်ထပ် စမ်းသပ်မှုတွေ လုပ်လာနိုင်တဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရ Moon Sang-gyun ကပြောပါတယ်။

ဒါပေမယ့် ဒီ့ထက်ပိုပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားက နောက်ဆုံး နျူကလီးယားစမ်းသပ်မှုတွေ ကို ပြီးခဲ့တဲ့သောကြာနေ့က လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ငါးကြိမ်မြောက်နဲ့ အားအပြင်းဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလုပ်ငန်းတွေကို ကန့်ကွက်တဲ့အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာပဲလို့ ဆိုပြီး လုံခြုံရေးကောင်စီက ရှုတ်ချထား ပါတယ်။ ဒီအတွက် သင့်တော်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်ကိုင်တွယ်သွားမယ်လို့လည်း ကောင်စီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ဆိုးလ်မြို့တော်မှာ ကျင်းပနေတဲ့ အမေရိကန်-တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာအစည်းအဝေးမှာ မူဝါဒရေးရာ တောင်ကိုရီးယား ဒုတိယ ကာကွယ်ရေးဝန်ကြီး Yoo Jeh-seung က - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ သူတို့မဟာမိတ် နှစ်နိုင်ငံလုံးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG