သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတဟောင်း Zardari အဂတိလိုက်စားမှုနဲ့ အဖမ်းခံရ


ပါကစ္စတန်သမ္မတဟောင်း Zardari
ပါကစ္စတန်သမ္မတဟောင်း Zardari

ပါကစ္စတန် သမ္မတဟောင်း Asif Ali Zardari ကို ဒေါ်လာသန်းချီပြီး ငွေမဲခဝါချမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ပါကစ္စတန် အောက်လွှတ်တော်မှာ လက်ရှိ လွှတ်တော် အမတ်ဖြစ်တဲ့ Zardari ကို ပါကစ္စတန်နိုင်ငံကနေ ဒေါ်လာ သန်းချီပြီး နိုင်ငံခြား ဘဏ်စာရင်းတွေထဲ ပြောင်းနိုင်ရေး အတွက် ဒါဇင်နဲ့ချီတဲ့ ဘဏ်စာရင်း အတုတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီအမှုမှာ သူ့ရဲ့ ညီမ Faryal Talpur လည်း ပါဝင်တယ်လို့ စွပ်စွဲထားပါတယ်။ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ရဲ့ ခင်ပွန်း သမ္မတဟောင်း Zardari ကတော့ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောဆို ငြင်းပယ်ထားပါတယ်။ သူက လွှတ်တော်ထဲမှာ တတိယ အင်အား အကြီးဆုံး ပါတီ Pakistan People’s Party –PPP ကို ဦးဆောင်နေတာပါ။

Zardari ရဲ့ ပါတီက ၂၀၀၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၂၀၁၃ ခုနှစ်ထိ သူ သမ္မတ ဖြစ်ခဲ့တာပါ။ ဒီကာလ အတွင်း ငွေကြေးခဝါချဖို့ အတွက် ဘဏ်စာရင်း အတုတွေ လုပ်ခဲ့တာလို့ စွပ်စွဲခံထားပါတယ်။ မြို့တော် အစ္စလာမ္မာဘတ်က သူ့နေအိမ်ကနေ Zardari ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဂတိလိုက်စားမှု စွဲဆိုမှုတွေ ရှိပေမယ့်လည်း လွတ်မြောက်နေရေး အာမခံကို ထပ်တိုးပေးဖို့ သမ္မတဟောင်း Zardari က ညီမဖြစ်သူ Talpur နဲ့ အတူ အယူခံလွှာကို မြို့တော် အထက်တရားရုံးက ပယ်ချခဲ့ပြီး နာရီပိုင်း အတွင်း သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ညီမဖြစ်သူ Talpur ကိုလည်း ဖမ်းထား မထား မသေချာပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG