သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီဟိုတယ် တိုက်ခိုက်မှု သေဆုံးသူ ၃၀ ကျော်ပြီ


တိုက်ခိုက်ခံခဲ့ရတဲ့ ဟိုတယ် (ဇူလိုင်၊ ၁၃၊ ၂၀၁၉)
တိုက်ခိုက်ခံခဲ့ရတဲ့ ဟိုတယ် (ဇူလိုင်၊ ၁၃၊ ၂၀၁၉)

ဆိုမာလီနိုင်ငံ တောင်ပိုင်း Kis-mayo ဆိပ်ကမ်းမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကြောင့် အခုအချိန်အထိ သေဆုံးသူ အရေအတွက် ၃၃ ဦး အထိ တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ထပ် ၅၆ ဦးလည်း ဒဏ်ရာ ရရှိသွားတယ်လို့ Madobe လို့ လူသိများတဲ့ Jubbaland ပြည်နယ် အုပ်ချုပ်ရေးမှူး Ahmed Mohamed Islan ကပြောပါတယ်။

ပြည်နယ်လုံခြုံရေးတပ်ဖွဲ့က ခုခံကာကွယ်တာကြောင့် နာရီနဲ့ချီ ကြာတဲ့ ဟိုတယ်တိုက်ခိုက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဟိုတယ်ထဲ ပိတ်မိနေတဲ့ အပြစ်မဲ့ ပြည်သူတွေ အသက်ကို ကာကွယ်နိုင်ခဲ့တယ်လို့ Madobe ရဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သေဆုံးသူတွေထဲမှာ သတင်းထောက် နှစ်ဦး လာမယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးနဲ့ ကုလသမဂ္ဂဝန်ထမ်း တဦးတို့ ပါဝင်သလို ကင်ညာ၊ အမေရိကန်၊ ဗြိတိန်၊ တန်ဇမ်းနီးယားနဲ့ ကနေဒါနိုင်ငံသားတွေလည်း ပါဝင်ကြောင်း Madobe က ပြောပါတယ်။

တိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်သွေးကြွ အနည်းဆုံး လေး ဦးလည်း သေဆုံးသွားကြောင်း Kismayo မြို့ လုံခြုံရေးအရာရှိတွေက VOA ဆိုမာလီဌာနကို ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဆိုမာလီသမ္မတ Mohamed Farmajo ကလည်း ဒီလို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဟာ ဆိုမာလီပြည်သူတွေအပေါ် သူရဲဘောကြောင်စွာ ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြစ်တင် လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG