သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမားလီးယားမြို့တော် စားသောက်ဆိုင်တိုက်ခိုက်ခံရမှု ၂၉ ဦးသေဆုံး


ဆိုမာလီယာ နိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က လူကြိုက်များတဲ့ စားသောက်ဆိုင် နှစ်ခုမှာ al-Shabab စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၉ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၇ ဦး ပါဝင်တဲ့ အရပ်သား ၁၈ ဦး၊ တိုက်ခိုက်သူ ၆ ဦးတို့လည်း ပါဝင်တယ်လို့ လုံခြုံရေး တပ်ဖွဲ့ ပြောခွင့်ရ တဦးက ပြောပါတယ်။ မိုဂါဒစ်ရှုးမြို့တော် Hodan ရပ်ကွက်က Posh Treats နဲ့ Pizza House စားသောက်ဆိုင်နှစ်ခုကို စစ်သွေးကြွတွေ ဝင်တိုက်ခဲ့တာပါ။ သေနတ်သမားတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှု အတွင်း ဆိုမာလီ အထူးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်သွေးကြွတွေက ဗုံးနဲ့ ပစ်လို့ အမျိုးသား သုံးဦး သေဆုံးခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်သွေးကြွတွေ စီးနင်းထားတဲ့ ဒုတိယမြောက် စားသောက်ဆိုင်ကိုတော့ ဒီကနေ့ ကြာသပတေးနေ့ မနက်ခင်းပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေက ၁၁ နာရီလောက် တိုက်ခိုက်ခဲ့ရတာပါ။ တိုက်ခိုက်မှုတွေ အတွင်း ဒဏ်ရာရသူ ၂၆ ဦးကို ကယ်တင်ခဲ့ရတယ်လို့လည်း အရေးပေါ် ဌာနက ပြောပါတယ်။

Pizza House နဲ့ Posh Treats စားသောက်ဆိုင်တွေ အပြင်ဘက်မှာ ကားဗုံးဖောက်ခွဲမှုကြောင့် အကြီးအကျယ် ပျက်ဆီးခဲ့ရတဲ့ မနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ တိုက်ခိုက်မှု စတင်ခဲ့တာပါ။ Posh Treats စားသောက်ဆိုင်ထဲကို သေနတ်သမားတွေက ဝင်ရောက်ခဲ့တာပါ။ ဒီနောက် Pizza House ကို ကူးသွားကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဆိုမားလီးယားမြို့တော် စားသောက်ဆိုင်တိုက်ခိုက်ခံရမှု ၂၉ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG