သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွနဲ့ ပတ်သက်မှု ရိုဟင်ဂျာ ၂ ဦး အပါဝင်လူ ၄ ဦး မလေးရှားရဲ ဖမ်းဆီး


မလေးရှားနိုင်ငံမှာ စစ်သွေးကြွ အဖွဲ့တွေနဲ့ ပါဝင် ပတ်သက်မှု သံသယနဲ့ နိုင်ငံခြားသား ၄ ဦး ဖမ်းဆီးတဲ့ အထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ နှစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အင်္ဂါနေ့က ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ၊ နောက် ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေတဆင့် ခိုလှုံခွင့်ရရေး အတွက် မလေးရှားကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာက သောင်းချီ ရှိနေတာပါ။ သံသယ ရှိသူ ရိုဟင်ဂျာ ၂ ဦးစလုံး ကတော့ ၂၀၁၇ ခုနှစ် တိုက်ခိုက်မှု လက်သည်အဖြစ် ပြောဆိုထားတဲ့ ARSA သူပုန် အဖွဲ့ကို ထောက်ပံ့မှုနဲ့ ဖမ်းဆီးတာလို့ ရဲစုံစမ်းရေးမှူး Abdul Hamid Bador က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

သံသယရှိသူထဲက တဦးဖြစ်တဲ့ အသက် ၄၁ နှစ် အရွယ် ဆောက်လုပ်ရေး လုပ်သားကတော့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina ကို သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုကို လူမှုကွန်ယက်မှာ တင်ခဲ့တယ်လို့လည်း ရဲစုံစမ်းရေးမှူးက ပြောပါတယ်။ ဖမ်းခံရသူ နောက်တဦးကတော့ အသက် ၅၄ နှစ် အရွယ် ဖိလစ်ပိုင် အမျိုးသားတဦးဖြစ်ပြီး IS စစ်သွေးကြွ အုပ်စုကို သစ္စာခံတဲ့ စစ်သွေးကြွ အဖွဲ့ Abu Sayyaf နဲ့ ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲခံထားရသလို ဖိလစ်ပိုင်တောင်ပိုင်း Sabah ပြည်နယ် ပင်လယ်ပြင်မှာ လုယက်မှုတွေမှညလည်း ပတ်သက်မှု ရှိတယ်လို့ သံသယ ရှိထားကြောင်း ရဲစုံစမ်းရေးမှူးက ပြောပါတယ်။ စတုတ္ထမြောက် သံသယရှိသူကတော့ အသက် ၂၄ နှစ် အရွယ် အိန္ဒိယ နိုင်ငံသား ဖြစ်ပြီး ဆစ်ခ် ခွဲထွက်ရေး အုပ်စု Babbar Khalsa ရဲ့ အကြီးတန်း အဖွဲ့ဝင် တဦးရဲ့ အကျိုးဆောင်လို့ စွပ်စွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG