တ႐ုတ္ႏုိင္ငံကို ေရာက္ရွိေနတဲ့ အာဖဂန္ တာလီဘန္ ကိုယ္စားလွယ္အဖဲြ႔ဟာ တနဂၤေႏြေန႔က တ႐ုတ္အဆင့္ျမင့္ အရာရွိေတြနဲ႔ ေတြ႔ဆံုခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ အလုပ္မျဖစ္ေတာ့တဲ့ကိစၥနဲ႔ ပတ္သက္လို႔ တာလီဘန္အဖဲြ႔ဟာ တ႐ုတ္နဲ႔ သြားေရာက္ေဆြးေႏြးတာ ျဖစ္ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြဘက္က အၾကမ္းဖက္တိုက္ခိုက္မႈေတြ ဆက္ၿပီးလုပ္ေနတာေၾကာင့္ အေမရိကန္အစိုးရနဲ႔ တာလီဘန္ၾကား လေပါင္းအတန္ၾကာရွိခဲ့တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြကို အေမရိကန္သမၼတ Donald Trump က ဖ်က္သိမ္းခဲ့ၿပီး ႏွစ္ပတ္အၾကာမွာ တာလီဘန္ သူပုန္အဖဲြ႔ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြ ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း သမၼတ Trump မေၾကညာမီ အာဖဂန္ရဲ႕ ႏွစ္ေပါင္း ၁၈ ႏွစ္ၾကာ စစ္ပဲြကို အဆံုးသတ္ေစမယ့္ အေမရိကန္နဲ႔ တာလီဘန္ ႏွစ္ဖက္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ လက္တကမ္းအလို ေရာက္ေနၿပီလို႔ ႏွစ္ဖက္ကိုယ္စားလွယ္ေတြ ယံုၾကည္ခဲ့ၾကတာပါ။
အဖဲြ႔၀င္ ၉ ဦးပါ၀င္တဲ့ တာလီဘန္ကိုယ္စားလွယ္အဖဲြ႔ကို ကာတာႏိုင္ငံမွာရွိေနတဲ့ တာလီဘန္ႏိုင္ငံေရးအဖဲြ႔ အႀကီးအကဲ Mullah Baradar ဦးေဆာင္ၿပီး တ႐ုတ္ႏိုင္ငံကို သြားခဲ့တာျဖစ္ေၾကာင္း တာလီဘန္ေျပာခြင့္ရ Suhail Shaheen က ေျပာပါတယ္။ ကာတာႏိုင္ငံဟာ အေမရိကန္နဲ႔ တာလီဘန္ ေဆြးေႏြးပဲြေတြကို လက္ခံခဲ့တဲ့ အိမ္ရွင္ႏိုင္ငံလည္း ျဖစ္ပါတယ္။
တ႐ုတ္ကိုေရာက္ေနတဲ့ တာလီဘန္အဖဲြ႔ဟာ တနဂၤေႏြေန႔က အာဖဂန္နစၥတန္ဆိုင္ရာ အထူးကိုယ္စားလွယ္ Deng Xijun နဲ႔ စတင္ေတြ႔ဆံုခဲ့ပါတယ္။ အေမရိကန္နဲ႔ တာလီဘန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ သေဘာတူညီခ်က္ေတြဟာ အာဖဂန္ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးရဖို႔ ေကာင္းမြန္တဲ့ အေျခခံေျဖရွင္းခ်က္ေတြျဖစ္ၿပီး တ႐ုတ္ဘက္ကလည္း ေထာက္ခံေၾကာင္း တ႐ုတ္အထူးကိုယ္စားလွယ္က ေျပာခဲ့တယ္လို႔ ဆိုပါတယ္။
---------------------------
(Unicode)
ကန်နဲ့ဆွေးနွေးပွဲ ပျက်သွားတဲ့ တာလီဘန်တွေ တရုတ်နဲ့ဆွေးနွေး
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဖဂန် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အလုပ်မဖြစ်တော့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တာလီဘန် အဖွဲ့ဟာ တရုတ်နဲ့ သွားရောက် ဆွေးနွေးတာဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်နေတာကြောင့် အမေရိကန်အစိုးရနဲ့ တာလီဘန်ကြား လပေါင်းအတန်ကြာရှိခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အမေရိကန် သမ္မတ Donald Trump က ဖျက်သိမ်းခဲ့ပြီး နှစ်ပတ်အကြာမှာ တာလီဘန် သူပုန်အဖွဲ့ဟာတရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သမ္မတ Trump မကြေညာမီ အာဖဂန်ရဲ့ နှစ်ပေါင်း ၁၈နှစ်ကြာ စစ်ပွဲကို အဆုံးသတ်စေမယ့် အမေရိကန်နဲ့ တာလီဘန်နှစ်ဘက် သဘောတူ စာချုပ်ချုပ်ဆိုဖို့ လက်တကမ်းအလို ရောက်နေပြီလို့ နှစ်ဘက်ကိုယ်စား လှယ်တွေ ယုံကြည်ခဲ့ကြတာပါ။
အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို ကာတာနိုင်ငံမှာရှိနေတဲ့ တာလီဘန်နိုင်ငံရေး အဖွဲ့ အကြီးအကဲ Mullah Baradar ဦးဆောင်ပြီး တရုတ်နိုင်ငံကို သွားခဲ့တာဖြစ်ကြောင်း တာလီဘန်ပြောခွင့်ရ Suhail Shaheen ကပြောပါတယ်။ ကာတာနိုင်ငံဟာ အမေရိကန်နဲ့ တာလီဘန် ဆွေးနွေးပွဲတွေကို လက်ခံခဲ့တဲ့ အိမ်ရှင်နိုင်ငံလည်းဖြစ်ပါတယ်။
တရုတ်ကို ရောက်နေတဲ့ တာလီဘန်အဖွဲ့ဟာ တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Deng Xijun နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီချက်တွေဟာ အာဖဂန်နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကောင်းမွန်တဲ့ အခြေခံ ဖြေရှင်းချက်တွေ ဖြစ်ပြီး တရုတ်ဘက်ကလည်း ထောက်ခံကြောင်း တရုတ်အထူးကိုယ်စားလှယ်ကပြောခဲ့တယ်လို့ ဆိုပါတယ်။