သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ဆွေးနွေးမှု ပြတ်သွားတဲ့ တာလီဘန် ရုရှားနဲ့ဆွေးနွေး


အခုနှစ် မေလက ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆွေးနွေးရန် ရောက်ရှိလာသည့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့။ (မေ ၂၈၊ ၂၀၁၉)
အခုနှစ် မေလက ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆွေးနွေးရန် ရောက်ရှိလာသည့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့။ (မေ ၂၈၊ ၂၀၁၉)

အမေရိကန်နဲ့ အာဖဂန် တာလီဘန်ကြား ညှိနှိုင်းမှု ပျက်သွားခဲ့ပြီးနောက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုပါတယ်။

ရုရှားသမ္မတရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Zamir Kabulov က တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရကို ကိုးကားပြီး အစိုးရ ငွေကြေးထောက်ပံ့တဲ့ RIA Novosti သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ဘယ်နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့သလဲ ဆိုတာကိုတော့ မပြောပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်အဖွဲ့ကြား စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လုပ်ဖို့ လိုအပ်ကြောင်း ရုရှားဘက်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။ တာလီဘန်ဘက်ကလည်း အမေရိကန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒရှိကြောင်း အတည်ပြု ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် လျှော့ချပြီး တာလီဘန်ဘက်က အစွန်းရောက်ဝါဒီ အဖွဲ့တွေ ဝင်မလာရေး လုံခြုံရေး အာမခံချက်ပေးမယ့် အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူညီချက်အပေါ် ပြီးခဲ့တဲ့ သီတင်းပတ်မတိုင်ခင်ထိ မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့မှာပဲ အမေရိကန်သမ္မတ Donald Trump က အမေရိကန် ပြည်ထောင်စုမှာ တာလီဘန်နဲ့ သူ့ကြား တွေ့မယ့်အစီအစဉ် ဖျက်လိုက်ပြီး တာလီဘန် သူပုန်နဲ့ ဆက်မဆွေးနွေးတော့ဘူးလို့ ကြေညာခဲ့တာပါ။

-----------------------

[Unicode Version]






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG