သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တာလီဘန် ဆွေးနွေးမှု အလားအလာကောင်း


ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပနေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုးတက်တဲ့လက္ခဏာတွေ တွေ့နေရတာကြောင့် အာဖဂန်က ၁၇ နှစ်ကြာ စစ်ပွဲအတွက် နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်တဲ့ အဆင့်အထိ ချနိုင်နေပြီလို့ တချို့က မြင်လာ နေပြီဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပြီး အမေရိကန်အဖွဲ့ကို အာဖဂန်ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာအထူးကိုယ်စားလှယ် Zalmay Khalilzad က ဦးဆောင်ပြီး ပါကစ္စတန်နဲ့ ကာတာနိုင်ငံက သံတမန်တွေလည်း တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲကျင်းပတာ ၄ ရက်မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ သိပ်ခက်ခဲတဲ့ ပြဿနာရပ် ၂ ခုအတွက် ညှိနှိုင်းမှုတွေမှာ ၂ ဖက်စလုံးက နားလည်မှုရှိတဲ့ အနေထားကို ရောက်နေတဲ့အတွက် သိသာတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ဆွေးနွေးပွဲ တာဝန်ရှိသူတွေက VOA ကိုပြောပါတယ်။

အမေရိကန်ဒါမှမဟုတ် တခြားဘယ်နိုင်ငံကိုမှ အာဖဂန်မြေပေါ်ကနေ ခြိမ်းခြောက်မှုတွေ လုပ်မှာမဟုတ်ကြောင်း တာလီဘန်တွေဘက်က အာမခံပေးနေချိန်မှာပဲ အာဖဂန်မြေပေါ်ကနေ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲတွေ ရုတ်သိမ်းမယ့် အချိန်ကို သိချင်ကြောင်း တာလီဘန်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ နွေရာသီမှာ စတင်ခဲ့တာ ဖြစ်ပြီး အာဖဂန်စစ်ပွဲရပ်ဆိုင်းစေမယ့် ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ၂ ဖက်စလုံး ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ကြာသပတေးနေ့ကပဲ ပါကစ္စတန်က ထပ်လောင်း ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG