သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒရုံးကြောင့် ထိပ်တန်းတာလီဘန် တပ်မှူးသေဆုံး


တာလီဘန် တပ်မှူး Mullah Abdul Manan
တာလီဘန် တပ်မှူး Mullah Abdul Manan

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်က ပြုလုပ်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အရေးပါတဲ့ တာလီဘန် တပ်မှူးတဦး သေဆုံးသွားတာကြောင့် ဒါဟာ တာလီဘန်တို့အတွက် အင်မတန် အထိနာသွားစေတဲ ဆုံးရှုံးမှု ဖြစ်ပါတယ်။

Helmand ခရိုင်အတွင်းက Nawzad ဒေသမှာ လုပ်ဖော်ကိုင်ဘက် ၄ ဦးနဲ့အတူ စနေနေ့က သေဆုံးသွားသူဟာ Mullah Abdul Manan ဆိုသူဖြစ်ကြောင်း အာဖဂန်နဲ့ တာလီဘန် အရာရှိတွေက တနင်္ဂနွေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

Manan ဟာ တာလီဘန်တို့ ထိန်းချုပ်ထားတဲ့၊ ဒါမှမဟုတ် ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဲဒီဒေသအတွင်းမှာ အတိုက်အခံ အစိုးရသဖွယ် တည်ရှိနေသူဖြစ်ကြောင်းနဲ့ သူသေဆုံးမှုဟာ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း တာလီဘန်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Helmand ခရိုင်ဟာ အာဖဂန်နိုင်ငံအတွင်း မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်တဲ့ဒေသဖြစ်ပြီး တာလီဘန်တို့အတွက် ရံပုံငွေရအောင် အဲဒီ မူးယစ်ဆေး ရောင်းချတဲ့လုပ်ငန်းကို Manan က ထိန်းချုပ်ထားတာပါ။

အမေရိကန်တို့ ကျောထောက်နောက်ခံပေးထားတဲ့ အာဖဂန်အစိုးရတပ်ဖွဲ့တွေ လက်ထဲကနေ Helmand ခရိုင်ရဲ့ ၉၅% ကို တာလီဘန်တွေ လက်ထဲရောက်အောင် Manan က အောင်မြင်စွာ ဦးဆောင် တိုက်ယူထားခဲ့တာလို့လည်း တာလီဘန်တို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကန်ဒရုံးကြောင့် ထိပ်တန်းတာလီဘန် တပ်မှူးသေဆုံ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG