သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးမှု တာလီဘန်ကမ်းလှမ်းချက် ကန် လက်ခံစေချင်


၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန် နဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တာလီဘန်ဘက်က လက်တွေ့ကျတဲ့ ကမ်းလှမ်းချက်ကို လက်ခံသင့်တယ်လို့ တာလီဘန်အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

ရှေ့သီတင်းပတ်မှာ ကျရောက်မယ့် မွတ်စလင်တွေရဲ့ အစ်ပွဲတော်မတိုင်ခင်မှာ တာလီဘန်ခေါင်းဆောင် Hibatullah Akhudzada က ပြောလိုက်တာဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အမေရိကန်ဦးဆောင်တဲ့ ပြည်ပတပ်တွေ အာဖဂန်နစ္စတန်နိုင်ငံထဲက မထွက်မချင်း သူတို့အနေနဲ့ အာဖဂန်ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်မှာမဟုတ်သလို တိုက်ပွဲတွေကိုလည်း ရပ်မှာမဟုတ်ဘူးလို့ တာလီဘန်ဘက်က တောင်းဆိုတာနဲ့ ပတ်သက်ပြီး ၂ ဘက် ဆွေးနွေးမှုတွေ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာ သူက အဲဒီလို ပြောလိုက်တာပါ။

ပြည်ပတပ်ဖွဲ့တွေအနေနဲ့ အာဖဂန်ကနေ ဘယ်အချိန်မှာ ဘယ်လိုထွက်ခွာမယ်ဆိုတာကို Zalmay Khalilzad ဦးဆောင်တဲ့ အမေရိကန်စေ့စပ်ညှိနှိုင်းသူတွေနဲ့ တာလီဘန်အဖွဲ့ ကနဦးသဘောတူညီချက်အကြမ်း ရထားပြီဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒါကို အပြန်အလှန်အားဖြင့် တာလီဘန်တွေဘက်ကလည်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေ အာဖဂန်နိုင်ငံကို အသုံးပြုပြီး တခြားနိုင်ငံတွေကို မတိုက်ခိုက်နိုင်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG