သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့ တာလီဘန် အာဖဂန် ပြန်လည်ထူထောင်ရေး သဘောတူညီမှုရ


အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်တွေနဲ့ နေတိုးမဟာမိတ်တပ်တွေ အားလုံးပြန်ရုပ်သိမ်းရေးနဲ့ အာဖဂန်မြေကို သုံးပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ရေးအတွက် အသေးစိတ် လုပ်ငန်းတွေကို လုပ်ဆောင်မယ့် နည်းပညာအဖွဲ့တွေ ထူထောင်ဖို့ အမေရိကန်နဲ့ တာလီဘန် အဖွဲ့တို့ကြား ဗုဒ္ဓဟူးနေ့မှာ သဘောတူညီချက် ရခဲ့ပါတယ်။

အမေရိကန်ဘက်က အာဖဂန်နစ္စတန် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် Zalmay Khalilzad နဲ့ ကာတာနိုင်ငံမှာ သီတင်းတပတ်နီးပါးကြာ တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ခဲ့ရာကနေ စနေနေ့မှာ အပြီးသတ်ခဲ့တဲ့ နောက် တာလီဘန်ဘက်က ညှိနှိုင်းရေးမှုး Mullah Sher Mohammad Abbas Stanikzai က အသေးစိတ်ကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ အဖွဲ့ ၂ ဖွဲ့က အဆိုပြုချက်တွေ တင်သွင်းဖို့ ပြင်ဆင်နေကြောင်းနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးရင် ဖေဖေါ်ဝါရီလ ၂၅ ရက် ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပမယ့် နောက်တချီတွေ့ဆုံပွဲမှာ ချပြမှာ ဖြစ်ကြောင်း တာလီဘန် လိုလားတဲ့ သတင်းမီဒီယာ ကို Stanikzai က ပြောပါတယ်။

အခုထက် ပိုမိုကြီးမားတဲ့ ဆွေးနွေးပွဲကို ကျင်းပဖို့ လုပ်နေကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံခြားတပ်တွေ ထွက်ခွာမှု သေချာအောင် လုပ်တဲ့အနေနဲ့ အဲဒီဆွေးနွေးပွဲမှာ အဓိက အင်အားကြီးနိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အစ္စလာမ် နိုင်ငံတွေက ကိုယ်စားလှယ်တွေပါ တက်ရောက်ကြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တာလီဘန်တွေဘက်ကလည်း အာဖဂန်နစ္စတန် မြေပေါ်ကနေ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို အသုံးချခွင့်မပေးဖို့ အာမခံမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကန် နဲ့ တာလီဘန် အာဖဂန် ပြန်လည်ထူထောင်ရေး သဘောတူညီမှုရ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG