သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ကိုယ်စားလှယ်တွေ ကန်အစိုးရ နဲ့UAE မှာဆွေးနွေး


အာဖဂန်နစ္စတန် ပြည်လည်ရင်ကြားစေ့ရေး အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad -တာလီဘန်ကိုယ်စားလှယ်
အာဖဂန်နစ္စတန် ပြည်လည်ရင်ကြားစေ့ရေး အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad -တာလီဘန်ကိုယ်စားလှယ်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၁၇ နှစ်ကြာ ပြည်တွင်းစစ်ကို စေ့စပ် ညှိနှိုင်းတဲ့နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေချိန်မှာဘဲ အာဖဂန်-တာလီဘန်ကိုယ်စားလှယ်တွေဟာ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။

ပါကစ္စတန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒီ တွေ့ဆုံ ဆွေးနွေးမှုတွေကိုတော့ UAE အာရပ်စော်ဘွားများနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။ ဘာတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးပွဲမှာ ပါဝင်သူ အရာရှိတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အာဖဂန်နစ္စတန် ပြည်လည်ရင်ကြားစေ့ရေး အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေးဗီးယားနဲ့ အိမ်ရှင် UAE နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ကြတယ်လို့ တာလီဘန်နဲ့ ပါကစ္စတန် အရာရှိတွေက ဗွီအိုအေကို ပြောပါတယ်။

သူတို့အနေနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုသာ စကားပြောခဲ့ကြောင်း၊ အာဖဂန်ညီညွတ်ရေးအစိုးရက ကိုယ်စားလှယ် တယောက်ကိုမှ ဆွေးနွေး ပြောဆိုဖို့ အစိအစဉ်မရှိကြောင်း တာလီဘန် ပြောခွင့်ရ Zabihullah Mujahid က ပြောပါတယ်။

တွေ့ဆုံမှု အခြေအနေနဲ့ ပတ်သက်လို့ မေးတာမှာတော့ - ဒီတွေ့ဆုံမှုတွေဟာ အာဖဂန်ပဋိပက္ခ အဆုံးသတ်ရေးအတွက် အာဖဂန်တွေအချင်းချင်းကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် အမေရိကန်ဘက်က ကြိုးစားဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗွီအိုအေကို တနင်္လာနေ့မှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG