သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဒေသ ကန်တပ်မှူး အပြောင်းအလဲ


အာဖဂန်ဆိုင်ရာ အမေရိကန် တပ်ဖွဲ့တွေနဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO တပ်ဖွဲ့တွေရဲ့ ၁၇ ဦးမြောက် တပ်မှူး အပြောင်းအလဲ တာဝန်ယူပွဲကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မြို့တော် ကာဘူးလ်းမှာ ကျင်းပခဲ့ပါတယ်။

အာဖဂန်နိုင်ငံ အနေနဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ မရေရာ မသေချာမှုတွေနဲ့ ရောထွေး ကြုံတွေ့နေရချိန်မှာ အမေရိကန် စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး Austin Scott Miller က တပ်မှူး ရာထူးကို တာဝန်လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။ တာလီဘန် သူပုန်နဲ့ အမေရိကန်တို့ကြား ကာတာမှာ တိုက်ရိုက် ဆက်သွယ်မှုနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လ က ကျရောက်တဲ့ မူဆလင်တို့ရဲက အိဒ်ပွဲတော် ကာလ အတွင်း ပထမဆုံးသော အပစ်အခတ် ရပ်ဆဲနိုင်ခဲ့ပြီးနောက်မှာ ၁၇ နှစ်ကြာ အာဖဂန် ပဋိပက္ခ ကို တာလီဘန်တို့နဲ့ နိုင်ငံရေး အရ ဖြေရှင်းနိုင်ရေး စေ့စပ်ဆွေးနွေးမှုတွေ စတင်နိုင်မလားဆိုတဲ့ အပေါ် မျှော်လင့်ချက်တွေလည်း ရှိလာနေပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အိဒ်ပွဲတော် ကာလအတွင်း အာဖဂန် သမ္မတ Ashraf Ghani ရဲ့ ဒုတိယမြောက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကို တာလီဘန်ဘက်က မတုံ့ပြန်ခဲ့တာကြောင့် စေ့စပ်ဆွေးနွေးနိုင်ရေး မျှော်လင့်ချက်တွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ပြည်ပက အမာခံတွေရဲ့ သြဇာက တာဘီဘန်တို့ရဲ့ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့လည်း အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး John Nicolson က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အာဖဂန်ဒေသ ကန်တပ်မှူး အပြောင်းအလဲ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG