သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို Donald Trump စကားကျွံခဲ့လေသလား


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ စင်္ကာပူမှာ တွေ့ဆုံစဉ်က အဲဒီ တွေ့ဆုံမှုအပြီး ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာစာတမ်းကို သူ့အနေနဲ့ လက်မှတ်ထိုး ထုတ်ပြန်မယ်လို့ သမ္မတ Donald Trump က မြောက်ကိုရီးယား ခေါင်းဆောင်ကို ကတိပြုခဲ့ကောင်း ပြုခဲ့နိုင်တယ်ဆိုတဲ့အကြောင်း အမေရိကန်သတင်းမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

ဇွန်လအတွင်း ကျင်ပခဲ့တဲ့ ထိပ်သီးစည်းဝေးပွဲအတွင်းမှာ သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင်ကို အဲဒီလို ကတိပေးခဲ့ကြောင်း ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတချို့ကို ကိုးကားပြီး အမေရိကန်အခြေစိုက် အဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ရေးသားတဲ့ Vox ခေါ် သတင်းဌာနမှာ ဖော်ပြထားတာပါ။

သမ္မတ Trump အဲဒီလို ကတိပေးပြီးတဲ့နောက် မြောက်ကိုရီးယားအနေနဲ့လည်း သူပိုင်ဆိုင်တဲ့ နြူကလီးယားလက်နက် အများစုကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက် သဘောတူညီချက်အပိုင်းမှာ အဲဒီလို ပြောင်းလဲမှုတွေ ရှိခဲ့တဲ့အတွက် မြောက်ကိုရီးယားဘက်က ပိုပြီး ရန်လိုတဲ့ အသုံးအနှုန်းတွေကို သုံးစွဲလာကြောင်းလည်း Vox သတင်းဌာနက ခန့်မှန်း ရေးသားပါတယ်။

ပြောထားတဲ့အတိုင်း သမ္မတ Trump ဘက်က လက်တွေ့ မလုပ်ဆောင်တာကြောင့် မြောက်ကိုရီးယားဘက်က ဒေါသထွက်နေတာ ဖြစ်နိုင်ကြောင်း သူတို့ရဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Vox သတင်းမှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ Trump အစိုးရဘက်ကတော့ တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

မြောက်ကိုရီးယားကို Donald Trump စကားကျွံခဲ့လေသလား
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG