သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ဥပဒေအကြံပေး နုတ်ထွက်တော့မယ်


Conservative Political Action Conference တွင် စကားပြောနေသည့် Don Mcgahn ။ ၂၂ ဖေဖော်ဝါရီ ၂၀၁၈။
Conservative Political Action Conference တွင် စကားပြောနေသည့် Don Mcgahn ။ ၂၂ ဖေဖော်ဝါရီ ၂၀၁၈။

သမ္မတအိမ်ဖြူတော် ဥပဒေရေးရာအကြံပေး ရာထူးကနေ နုတ်ထွက်တော့မယ့် Don McGahn ဟာ သိပ်တော်တဲ့သူဖြစ်ပြီး သူသိပ်သဘောကျတဲ့ သူတယောက်ဖြစ်ကြောင်းနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ရှေ့နေတဦးဖြစ်တဲ့ McGahn ဟာ ပုဂ္ဂလိကလုပ်ငန်းတွေကို ပြန်လုပ်ကိုင်မယ်လို့ သူခန့်မှန်းကြောင်း အမေရိကန်သမ္မတ Donald Trump က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ရုရှားနဲ့ ဆက်နွယ်မှုတွေကို စုံစမ်းရာမှာ သမ္မတ Trump တရားရေးကို ဝင်ရောက်နှောက်ယှက်မှု ရှိမရှိ စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ McGahn ကို Trump ရဲ့ ဘက်တော်သားတွေက ဝေဖန်ကြပါတယ်။

အမေရိကန် တရားလွှတ်တော်ချုပ်ရုံးအတွက် တရားသူကြီး Brett Kavanaugh ကို အတည်ပြုမယ်လို့ မျှော်လင့်ရပြီး ဒီကိစ္စပြီးတာနဲ့ ဒီဆောင်းဦးပေါက်မှာ Don McGahn ဟာ သမ္မတအိမ်ဖြူ ဥပဒေရေးရာ အကြံပေးတာဝန်ကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာပဲ သမ္မတ Trump က သူ့ Twitter မှာ ရေးပါတယ်။ Don နဲ့ သူ ကာလအတော်ကြာ လက်တွဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ့လုပ်ရပ်တွေအတွက် တကယ်ပဲ ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၁၆ မှာ သမ္မတမဖြစ်ခင်က အိမ်ခြံမြေလုပ်ငန်းရှင်တဦးဖြစ်တဲ့ သူ့အတွက် McGhan ဟာ ရှေ့နေတယောက်အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာအတွက် လာမယ့် အင်္ဂါနေ့မှာ လွှတ်တော်ကြားနာပွဲ ပြုလုပ်မှာဖြစ်ပြီး ဒီပွဲမှာ သမ္မတ Trump အမည်စာရင်း တင်သွင်းထားတဲ့ Brett Kavanaugh ကို အားလုံးက လက်ခံလာစေဖို့ McGhan က ကြီးကြပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG