သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တပ်လျှော့ချမှာကို အာဖဂန်အလေးမထား


အမေရိကန် မရိမ်းတပ်သားတယောက်နဲ့ အာဖဂန် အမျိုးသားတပ်မတော်စစ်သည်များ သင်တန်းကာလအတွင်း စကားစမြည်
အမေရိကန် မရိမ်းတပ်သားတယောက်နဲ့ အာဖဂန် အမျိုးသားတပ်မတော်စစ်သည်များ သင်တန်းကာလအတွင်း စကားစမြည်

အာဖဂန်အတွက် အမေရိကန်ရဲ့ တပ်သားတွေ လျှော့ချမယ့်အစီအစဉ်တွေကို မမှုဘူးလို့ အာဖဂန် အစိုးရက ပြောဆိုနေပါတယ်။ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင် တယ်လို့ အာဖဂန်အစိုးရက ပြောဆိုနေပါတယ်။

အာဖဂန်မှာ စစ်အခြေစိုက်စခန်းချထားတဲ့ အမေရိကန်တပ်သား ၁ သောင်း ၄ ထောင်ကျော်ရဲ့ အကြမ်းဖျင်း ထက်ဝက်လောက်ကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ Trump က စဉ်းစားနေတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောဆိုထားတာပါ။ ပြန်ရုပ်ဖို့ စဉ်းစားနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ရေး သမားမဟုတ်တဲ့ NATO စစ်ဖက်ကိုယ်စားလှယ် ၂ သောင်း ဖြစ်ပြီး သူတို့ရဲ့ အဓိကတာဝန်က တာလီဘန်နဲ့ IS စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတဲ့ သူပုန်တွေနဲ့ စစ်ပွဲတွေမှာ တိုက်ခိုက်ရတဲ့ အာဖဂန်တပ်သားတွေကို အကြံပေးဖို့နဲ့ သင်တန်းပေးဖို့ ဖြစ်ပါတယ်။

အကြံပေး၊ သင်တန်းပေး၊ အကူအညီပေးမယ့် နိုင်ငံခြားစစ်သားတချို့ မရှိရုံနဲ့တော့ အာဖဂန်ရဲ့ လုံခြုံရေးကို ထိခိုက်မသွားဘူးလို့ အာဖဂန်သမ္မတအကြံပေး Fazel Fazly က ကာဘူးလ်မြို့တော်ကနေ ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ ဆုတ်ခွာသွားရင် အာဖဂန်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးတပ် ANDSF လည်း ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကိုလည်း သူက လက်မခံပါဘူး။

please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG