သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ Trump ဖျက်သိမ်း


အမေရိကန် သမ္မတရဲ့ အပန်းဖြေ စခန်း Camp David မှာ တာလီဘန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ Mike Pence နဲ့ တခြား အစိုးရ တာဝန်ရှိသူတွေ အပေါ် အာဏာသုံး ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အပေါ် သမ္မတ Donald Trump က ပယ်ချလိုက်ပါတယ်။

သူ့သဘောနဲ့သူ လုပ်တာလို့ သမ္မတ Trump က သတင်းထောက်တွေကို တနလာၤနေ့မှာ ပြောဆိုပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာကလည်း သူ့ သဘောဆန္ဒ အတိုင်းလုပ်တာ ဖြစ်ပြီး ဒီဆွေးနွေးပွဲကို ဖျက်လိုက်တာကလည်း သူ့ဆန္ဒအတိုင်း လုပ်ခဲ့တာ ဖြစ်ပြီး ဒီကိစ္စ ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူးလို့ သတင်းထောက်တွေကို သမ္မတ Trump က ပြောဆိုခဲ့တာပါ။

Camp David မှာ ဆွေးနွေးပွဲ ကျင်းပမယ့် အရေး အပေါ် ဒုတိယ သမ္မတ Pence နဲ့ အမျိုးသား လုံခြုံရေး အကြံပေး John Bolton တို့က အိမ်ဖြူတော်မှာ ကန့်ကွက်ခဲ့ကြတယ် ဆိုပြီး အမေရိကန် သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒုတိယ သမ္မတ Mike Pence ကလည်း သမ္မတ Trump ကို ထောက်ခံပြီး တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သမ္မတ က လုံး၀ မှန်ကန်ကြောင်း၊ မမှန်မကန် သတင်းတွေဖြစ်ကြောင်း၊ မရိုးဖြောင့်တဲ့ မီဒီယာက တခုခု မဖော်ပြခင် ဘယ်တော့မှ မဆက်သွယ်ကြောင်း၊ တကယ်လို့ မီဒီယာဘက်က ဆက်သွယ်လာလို့ ရှိရင်လည်း သမ္မတရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ ထောက်ခံကြောင်း ပြောကြားမှာ ဖြစ်ကြောင်း ဒုသမ္မတ Pence က ရေးသားခဲ့တာပါ။

အာဖဂန်နစ္စတန် မြို့တော် ကာဘူးလ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အမေရိကန် စစ်သား တဦးနဲ့ တခြား လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လုပ်ခဲ့ဟာ မဟာအမှားကြီး ကျူးလွန်ခဲ့တာလို့ တာလီဘန်တွေဘက်က ပြောပြနေတာဆိုပြီးလည်း သမ္မတ Trump က ပြောပါတယ်။ ရလဒ်ကတော့ သူ့အနေနဲ့ စိုးရိမ်ချက် ရှိနေသမျှတော့ အာဖဂန်နစ္စတန် နိုင်ငံတွင်း တာလီဘန်နဲ့ ဆွေးနွေးမှုတွေ မအောင်မြင်ဘူးလို့လည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော် ကာလတုန်းကနဲ့ စာရင်တော့ ပြီးခဲ့တဲ့ ၄ ရက် အတွင်း အမေရိကန် တပ်ဖွဲ့တွေက တာလီဘန်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ Trump ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG