သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖကန်က ကန်တပ်ရုပ်သိမ်းရေး ကန်-တာလီဘန် သဘောတူညီဖွယ်ရှိ


အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့အနောက်ပိုင်းက Ghazni အရပ်မှာ အာဖဂန်လုံခြုံရေးတပ် ကင်းလှည့်နေစဉ်။ (သြဂုတ် ၁၂၊ ၂၀၁၈)
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့အနောက်ပိုင်းက Ghazni အရပ်မှာ အာဖဂန်လုံခြုံရေးတပ် ကင်းလှည့်နေစဉ်။ (သြဂုတ် ၁၂၊ ၂၀၁၈)

အာဖဂန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမယ့် အစီအစဉ်တရပ်ကို အမေရိကန်နဲ့ တာလီဘန် တွေကြား သဘောတူညီမှု ရကောင်းရပြီး ဖြစ်နိုင်ကြောင်း ၂ ဘက်ဆွေးနွေးမှုနဲ့ နီးစပ်သူ အသိုင်းအဝန်းက စနေနေ့မှာ ပြောပါတယ်။

အပြန်အလှန်အနေနဲ့ အာဖဂန်မှာအခြေစိုက်ပြီး အမေရိကန်ကို ခြိမ်းခြောက်မယ့် နိုင်ငံ တကာက အကြမ်းဖက် အဖွဲ့အစည်းတွေကို လက်မခံဖို့ တာလီဘန်တွေက ကတိပေးခဲ့ တယ်လို့လည်း ဆိုပါတယ်။ ကာတာနိုင်ငံ ဒိုဟာ မြို့မှာ ဆက်တိုက်ဆိုသလို အပြင်းအထန် ဆွေးနွေးခဲ့ရာက ၂ ဘက်အကြား အပြန်အလှန် နားလည်မှု ရခဲ့ကြတာပါ။ ဆွေးနွေးပွဲ ကိုတော့ အိမ်ရှင် ကာတာနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့က အစိုးရကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးမှု အစီအစဉ်တွေ ချောချောမောမော ရှိခဲ့မယ်ဆိုရင်တော့ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အစောဆုံး စနေနေ့နဲ့ နောက်အကျဆုံး တနင်္လာ နေ့ လောက်မှာ ကြေညာမယ် လို့လည်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါ တယ်။ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းတဲ့ အစီအစဉ်အတွက် တာလီဘန်တွေဘက်ကလည်း အပစ်အခတ်ရပ်စဲပေးထားရမှာပါ။

ဒါပေမဲ့လည်း အမေရိကန်တပ်တွေ ပြန်လည်ရုပ်သိမ်းရေးနဲ့ တာလီဘန်တွေ အပစ်အခတ် ရပ်စဲရေး အစီအစဉ်တွေဟာ အကန့်အသတ်နဲ့ အခြေအနေ အပြောင်းအလဲတွေအပေါ် မူတည်မှာ ဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ နောက်ဆုံး သဘောတူညီချက်ကို အမေရိကန် သမ္မတ Donald Trump ကိုယ်တိုင် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားနိုင်ခြေ ရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အာဖကန်က ကန်တပ်ရုပ်သိမ်းရေး ကန်-တာလီဘန် သဘောတူညီဖွယ်ရှိ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG