သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Texas လူထုစုေဝးပြဲ အိႏၵိယသမၼတနဲ႔ အတူ Trump တက္ေရာက္


အေမရိကန္သမၼတ Donald Trump ႏွင့္ အိႏၵိယဝန္ႀကီးခ်ဳပ္ Modi. (စက္တင္ဘာ ၂၂၊ ၂၀၁၉)

အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ေနၾကတဲ့ အိႏၵိယႏြယ္ဖြား အေမရိကန္ အသိုင္းအ၀ိုင္းနဲ႔ အိႏၵိိယ၀န္ႀကီးခ်ဳပ္ Narendra Modi ကို အေမရိကန္သမၼတ Donald Trump က ခ်ီးက်ဴး ေျပာဆိုလုိက္ပါတယ္။

Houston အားကစား႐ုံမွာလုပ္တဲ့ Howdy Modi အခမ္းအနားကို တက္ေရာက္လာတဲ့ အိႏၵိယႏြယ္ဖြားေတြ အမ်ားအျပားပါတဲ့ လူေပါင္း ၅ ေသာင္းေလာက္ေရွ႕မွာ သမၼတ Trump နဲ႔ ၀န္ႀကီးခ်ဳပ္ Modi တို႔ အတူတက္ေရာက္ခဲ့ၾကတာပါ။

အေမရိကန္ေတြအျဖစ္ ႏုိင္ငံတြင္းမွာ ေနထိုင္ေနၾကတဲ့အတြက္ ဂုဏ္ယူေၾကာင္း တက္ေရာက္လာၾကတဲ့ အိႏၵိယ-အေမရိကန္ လူမႈအသိုင္းအ၀ိုင္းကို သမၼတ Trump က ေျပာဆိုခဲ့ၿပီး သူ႔အစိုးရ အေနနဲ႔လည္း ျပည္သူေတြအတြက္ ေန႔စဥ္္နဲ႔အမွ် ႀကိဳးပမ္းေဆာင္ရြက္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အေမရိကန္သမၼတ Trump ဟာ အေမရိကန္စီးပြားေရး ျပန္လည္အားေကာင္းလာေအာင္ စြမ္းေဆာင္ခဲ့ေၾကာင္း၊ သမၼတ Trump တာ၀န္ယူၿပီး ၂ ႏွစ္တာ ကာလအတြင္း အေမရိကန္နဲ႔ အိႏၵိယ ဆက္ဆံေရးက ပိုၿပီး တိုးတက္ခဲ့ေၾကာင္း အိႏၵိယ၀န္ႀကီးခ်ဳပ္ Modi က ေျပာဆိုခဲ့ပါတယ္။

အိႏၵိယအေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ရင္းႏွီးျမႇဳပ္ႏွံမႈက အခုအခ်ိန္မွာ အမ်ားဆံုးျဖစ္ၿပီး အေမရိကန္ဘက္က အိႏၵိယမွာ အလားတူ လုပ္ေဆာင္တာေၾကာင့္ အျပန္အလွန္ ျဖစ္လာတာလို႔လည္း အေမရိကန္သမၼတက ႏွစ္ႏုိင္ငံ အက်ိဳးတူ ဆက္ဆံေရးကို အမြႊမ္းတင္ ေျပာဆိုသြားပါတယ္။

သမၼတ Donald Trump ထက္ ပိုေကာင္းတဲ့မိတ္ေဆြမ်ိဳး အိႏၵိယအေနနဲ႔ ဘယ္ေတာ့မွ ရွိလာမွာ မဟုတ္ဘူးလို႔လည္း အေမရိကန္သမၼတက အိႏၵိယ၀န္ႀကီးခ်ဳပ္ကို ေျပာဆိုခဲ့ပါတယ္။

သမၼတဘက္က အခုလို အျပဳသေဘာေဆာင္ ေျပာဆိုေနေပမယ္လို႔လည္း အိႏၵိယရဲ႕ အထူးကုန္သြယ္ေရး အခြင့္အေရးကို အေမရိကန္က ဖ်က္သိမ္းခဲ့ၿပီးေနာက္ပိုင္း ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ မရေသးပါဘူး။ အျပန္အလွန္အားျဖင့္ အိႏၵိယဘက္ကလည္း ဒါဇင္နဲ႔ခ်ီတဲ့ အေမရိကန္ ထုတ္ကုန္ေတြအေပၚ အခြန္တိုးျမႇင့္ထားပါတယ္။

-------------------------

(Unicode)

Texas လူထုစုဝေးပွဲ အိန္ဒိယသမ္မတနဲ့ အတူ Trump တက်ရောက်

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို အမေရိကန်သမ္မတ Donald Trump က ချီးကျူး ပြောဆိုလိုက်ပါတယ်။

Houston အားကစားရုံမှာလုပ်တဲ့ Howdy Modi အခမ်းအနားကို တက်ရောက်လာတဲ့ အိန္ဒိယနွယ်ဖွားတွေ အများအပြားပါတဲ့ လူပေါင်း ၅ သောင်းလောက်ရှေ့မှာ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Modi တို့ အတူတက်ရောက်ခဲ့ကြတာပါ။

အမေရိကန်တွေအဖြစ် နိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့အတွက် ဂုဏ်ယူကြောင်း တက်ရောက်လာကြတဲ့ အိန္ဒိယ-အမေရိကန် လူမှုအသိုင်းအဝိုင်းကို သမ္မတ Trump က ပြောဆိုခဲ့ပြီး သူ့အစိုးရ အနေနဲ့လည်း ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ Trump ဟာ အမေရိကန်စီးပွားရေး ပြန်လည်အားကောင်းလာအောင် စွမ်းဆောင်ခဲ့ကြောင်း၊ သမ္မတ Trump တာဝန်ယူပြီး ၂ နှစ်တာ ကာလအတွင်း အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးက ပိုပြီး တိုးတက်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် Modi က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှုပ်နှံမှုက အခုအချိန်မှာ အများဆုံးဖြစ်ပြီး အမေရိကန်ဘက်က အိန္ဒိယမှာ အလားတူ လုပ်ဆောင်တာကြောင့် အပြန်အလှန် ဖြစ်လာတာလို့လည်း အမေရိကန်သမ္မတက နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေးကို အမွှမ်းတင် ပြောဆိုသွားပါတယ်။

သမ္မတ Donald Trump ထက် ပိုကောင်းတဲ့မိတ်ဆွေမျိုး အိန္ဒိယအနေနဲ့ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့လည်း အမေရိကန်သမ္မတက အိန္ဒိယဝန်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။

သမ္မတဘက်က အခုလို အပြုသဘောဆောင် ပြောဆိုနေပေမယ်လို့လည်း အိန္ဒိယရဲ့ အထူးကုန်သွယ်ရေး အခွင့်အရေးကို အမေရိကန်က ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် မရသေးပါဘူး။ အပြန်အလှန်အားဖြင့် အိန္ဒိယဘက်ကလည်း ဒါဇင်နဲ့ချီတဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန်တိုးမြှင့်ထားပါတယ်။

Texas လူထုစုေဝးပြဲ အိႏၵိယသမၼတနဲ႔ အတူ Trump တက္ေရာက္
please wait

No media source currently available

0:00 0:01:38 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG